ဧရာဝတီတိုင်းဒေသကြီး ၊မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ဂုံနီအိတ်စက်ရုံဝင်းမှာဆောက်တဲ့ စပါးခွံလျှပ်စစ်ဓါတ်အားထုတ်စက်ရုံကို လာမယ့် ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီမှာ စတင်လည်ပတ်သွားမယ်လို့ MAPCO ကနေထုတ်ပြန်ပါတယ်။
photo-MAPCO
အဲ့ဒီစက်ရုံံကို MAPCO က အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Fujita Company ltd တို့က ၈၀ ရာခိုင်နှုန်းအကျိုးတူပူးပေါင်းပြီးတော့ MyaungMya FM Biomass Power Co. ကိုဖွဲ့စည်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။
စက်ရုံကို Mapco engineering ကနေ တာဝန်ယူဆောက်လုပ်တာဖြစ်ပြီးတော့ စက်ရုံက ၈၅% တည်ဆောက်ပြီးစီးနေတာဖြစ်ပြီးတော့ လာမယ့် ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီမှာတော့ စက်ရုံတစ်ခုလုံးကို စတင်လည်ပတ်နိုင်ဖို့ လုပ်ဆောင်မယ်လို့ ပြောထားတာဖြစ်ပါတယ်။
စပါးခွံကနေ လောင်စာအဖြစ်၊မီးသွေးအဖြစ် ထုတ်လုပ်အသုံးပြုနေတာဖြစ်ပြီးတော့ လျှပ်စစ်ဓါတ်ထုတ်ယူဖို့ စတင်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။