ဒီနှစ် ချဲလ်ဆီးကို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာမှာ ရပ်တည်နေနိုင်အောင် လက်ရှိအချိန်မှာ မစွမ်းဆောင်ထားနိုင်သလို ကစားသမားခေါ်ယူမှုနဲ့ အသုံးပြုမှုတွေအပေါ်မှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရသူ ဖြစ်ပါတယ်။
ချဲလ်ဆီး ကစားသမားတွေဟာ ဒီညကစားမယ့် စပါးနဲ့ လန်ဒန်ဒါဘီပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် အသင်းနည်းပြဆာရီ ထုတ်ပယ်ခံရတော့မယ်လို့ ယုံကြည်နေကြကြောင်း 90 MIN က ဖော်ပြပါတယ်။
ဒီရက်ပိုင်းမှာ နည်းပြ ဆာရီအနေနဲ့ ချဲလ်ဆီးပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုမျိုးစုံနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း မသေမချာ ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာလည်း ဂိုးသမားချင်း လူူစားလဲခဲ့ရာ ကီပါက ကွင်းထဲက မထွက်ခဲ့တဲ့ ဖြစ်ရပ်မျိုး ကြုံခဲ့ရပါသေးတယ်။
ဒီဖြစ်ရ့်ဟာ ချဲလ်ဆီးအသင်းမှာ နည်းပြရဲ့ သြဇာအာဏာ မရှိတော့ဘူးလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒီအခြေအနေတွအရ အခုတစ်ကြိမ် စပါးကိုသာ ရှုံးရင် ချဲလ်ဆီးတစ်သင်းလုံးက ဆာရီ ထွက်တော့မယ်ဆိုတာ ကြိုတွေးမိပြီးသားဖြစ်မယ်လို့ Standard Sport သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နောက်ထပ် အခြေအနေတစ်ခုမှာလည်း ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ လူစားလဲတာကို မထွက်တဲ့ ဂိုးသမား ကီပါကို ဆာရီတစ်ယောက် ပွဲထွက်အသုံးပြုဦးမလားဆိုတဲ့အပေါ်မှာလည်း မေးခွန်းများစွာ ထွက်ပေါ်လာပါတယ်။ ဆာရီအနေနဲ့ ဒီနှစ်မှာ ချဲလ်ဆီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲထိ ရှုံးနိမ့်ထားသလို ဗိုလ်လုပွဲတစ်ပွဲ ပါဝင်နေပါတယ်။