တနင်္လာနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ကြောင်း သက်သေပြတဲ့အနေနဲ့ ပွဲစဉ် ၃ မှာ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ကစားဖို့ လိုအပ်နေတယ်လို့ ထင်မြင်နေပါတယ်။

0_GettyImages-1014682256.jpg

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်အသင်းကို ၃ ဂိုး၂ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားအတွက် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ စပါး၊ ချယ်ဆီးအသင်းတို့က ၂ ပွဲကစားပြီး ရမှတ်အပြည့်ရရှိထားချိန်မှာ အမှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုရရှိနိုင်တဲ့ ကစားသမား ၂ ဦးကို ပြောပြခဲ့တဲ့ ကာကာ 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ တနင်္လာနေ့ည(မြန်မာစံတော်ချိန် အင်္ဂါနေ့နံနက် ၁ နာရီ ၃၀ မိနစ်)မှာ အိုးထရက်ဖို့ဒ်ကွင်းကို လာရောက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရှက်တာဒိုးနတ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဖရက်ဒ်က တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ကစားခြင်းက ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်တဲ့ထိပ်တန်းအသင်းကြီးဖြစ်တယ်ဆိုတာ ပြသနိုင်ဖို့ အဓိကသော့ချက်ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

"အဲဒီပွဲက အရမ်းအရေးကြီးတဲ့ပွဲစဉ်ပါ"

"ဒီအပတ်မှာ ကျွန်တော်တို့ အဲဒီပွဲကို အာရုံစိုက်ပြီး အလုပ်လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပုံစံကောင်းနဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အနိုင် ရရှိချင်ပါတယ်"

"တော့တင်ဟမ်က အသင်းကောင်းတစ်သင်းဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ချင်တယ်ဆိုရင်တော့ အနိုင်ကစားဖို့ လိုအပ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကျရှုံးမှုနဲ့ပတ်သက်ပြီး အချို့က ကြိုတင်မျှော်မှန်းထားခဲ့ကြပြီး ဘရိုက်တန်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ ထိုက်ထိုက်တန်တန်အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဆိုးရွားတဲ့ပုံစံထဲမှာ မိမိလည်း ပါဝင်ခဲ့ကြောင်း ဖရက်ဒ်က ဝန်ခံခဲ့ပါတယ်။

Share

က္က