၄ ပတ်ထိ နားရဖို့ရှိနေပါတယ်။

စပါးနဲ့ပွဲမှာ ဘယ်ဖက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဓာတ်မှန်ရိုက်စစ်ဆေးမှု အပြီးမှာတော့ သေချာပေါက် ဝက်စ်ဟမ်းနဲ့ပွဲ လွဲချော်မယ်လို့ အသင်းက သတင်းထုတ်ပြန်လာတာပါ။

စပါးအသင်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ မန်စီးတီးအတွက် အားထားရတဲ့ အဓိက တိုက်စစ်မှူး စတားလင်း တံကောက်ကြောဒဏ်ရာရသွားတယ်လို့ မန်စီးတီး အသင်းက တရားဝင် သတင်းထုတ်ပြန်လာခဲ့ပါတယ်။



ဒဏ်ရာကြောင့် လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲကို ပါဝင်ကစားနိုင်တော့မှာ မဟုတ်ဖူးလို့လည်း သိရပါတယ်။

အနည်းဆုံး ၄ ပတ်လောက်နားရမယ်လို့ သိနေရပြီး အမှန်တကယ် လေးပတ်နားရမယ်ဆိုရင် ရီးရဲနဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကိုလည်း လွဲချော်ဖို့ရှိနေတာပါ။

“ ဘယ်ဖက်တံကောက်ကြောဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်မှုအရ စတားလင်းအနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်ဖို့ သေချာခဲ့ပါပြီ။အမြန်ဆုံး ပြန်ကောင်းလာပါစေလို့ မန်စီးတီးနဲ့သက်ဆိုင်သူအားလုံးက ဆုတောင်းပေးနေပါတယ်။” လို့ မန်စီးတီးအသင်းက တွစ်တာကတဆင့် ရေးသားဖော်ပြလာတာပါ။

မန်စီးတီးအသင်းကတော့ ဝက်စ်ဟမ်းနဲ့ပြီးရင် လက်စတာနဲ့အဝေးကွင်းကစားရဦးမှာ ဖြစ်ပြီး အဲ့ဒါပြီးရင်တော့ ရီးရဲနဲ့ ဆက်လက်ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က