လူမှုကွန်ရက်က ပို့စ်မှာ မာတစ်က တုံ့ပြန်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် နီမန်ဂျာမာတစ်ဟာ လူမှုကွန်ရက်မှာ မော်ရင်ဟိုနဲ့ စပါးအသင်းမှာ ပြန်လည်ဆုံစည်းတော့မယ်လို့ ခန့်မှန်းထားတဲ့ ပို့စ်ကို တုံ့ပြန်ခဲ့ပြီးနောက် စပါးအသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ကောလာဟလတွေကို နည်းပြ အိုလေဂန်းနားဆိုးလ်ရှားက ရယ်မောခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

နီမန်ဂျာမာတစ်ဟာ နည်းပြမော်ရင်ဟိုအတွက် ချယ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ ကစားပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာတဲ့ မော်ရင်ဟိုနဲ့ မာတစ်တို့ နောက်ထပ်တစ်ကြိမ် ထပ်မံပေါင်းစည်းကြလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတစ်ဟာ ယခုရာသီ အိုးထရက်ဖို့ဒ်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားသူဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရှက်ဖီးယူနိုက်တက်တို့ကစားမယ့်ပွဲစဉ်အတွက် မက်တွန်နေးဒဏ်ရာရရှိနေတဲ့အတွက် ပွဲထွက်ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေပေမယ့် မာတစ်ရဲ့ အနာဂတ်ကတော့ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။

မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မာတစ်ကို အလွန်နှစ်သက်သူဖြစ်ပြီး လာမယ့်ဇန်နဝါရီလမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပြောင်းရွှေ့ဖို့ အရင်ကတည်းက သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။

Benchwarmer ရဲ့ အင်စတာဂရမ်ပို့စ်မှာ မာတစ်ရဲ့ စပါးကို ပြောင်းရွှေ့နိုင်ခြေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးချက်ကို မာတစ်က လက်ခုပ်တီးပြီး ရယ်မောနေတဲ့ ရုပ်ပြောင်ပုံနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လူမှုကွန်ရက်ပေါ်က မာတစ်ရဲ့ လှုပ်ရှားမှုတွေကို အရေးမထားဟန်နဲ့ မာတစ်ဟာ ဟာသဉာဏ်ရှိတဲ့သူဖြစ်ကြောင်းနဲ့ မော်ရင်ဟို ယူဆောင်လာတဲ့ အရာတွေရဲ့တစ်စိတ်တပိုင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒါက ပျင်းရိစရာကောင်းမှုရဲ့ အစိတ်အပိုင်းမဟုတ်ပါဘူး။ မော်ရင်ဟို ပြန်လာတာက ပြပွဲနဲ့ ဆပ်ကပ်ပွဲလိုမျိုး ဖြစ်နေတဲ့အခါမျိုးမှာ မာတစ်ကလည်း ဟာသဉာဏ်မျိုး ရှိတဲ့သူလေ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က