ကြီးကြီးမားမားအံ့သြတုန်လှုပ်ရတဲ့ ရက််သတ္တပတ်ဖြစ်ခဲ့တယ်လို့ ပြောခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြပိုချက်တီနိုနဲ့အတူ နာရီအတော်ကြာ အတူကုန်ဆုံးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့အပတ်အင်္ဂါနေ့ညနေမှာ နည်းပြရာထူးကနေ ရုတ်တရက်ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက ဗုဒ္ဓဟူးနေ့နံနက်မှာပဲ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ််ပါတယ်။

နည်းပြသစ်မော်ရင်ဟိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ပွဲစဉ်မှာပဲ ဝက်စ်ဟမ်းအသင်းအိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက ပိုချက်တီနို ရာထူးကနေ ထုတ်ပယ်ခံရပြီး နောက်တနေ့မှာပဲ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို တွေ့ရဖို့ သွားခဲ့ပါတယ်”

“ကျွန်တော် နောက်တစ်နေ့မှာပဲ သူ့အိမ်ကို သွားရောက်ခဲ့ပြီး သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒါက အားလုံးအတွက် တုန်လှုပ်စရာကိစ္စပါ။ အဲဒီတော့ ကျွန်တော် သူ့ကို သွားတွေ့ချင်ခဲ့ပြီး နာရီအတော်ကြာကြာ စကားစမြည်ပြောခဲ့ကြပါတယ်။ အဲဒါက နည်းပြသစ်ရောက်မလာမီမှာ လုပ်ဖို့ကောင်းမွန်တဲ့အရာပါ”

“ကျွန်တော့်ကစားသမားဘဝမှာ အရင်တုန်းက မရှိခဲ့ဖူးတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ အင်္ဂါနေ့ညက အားလုံးအတွက် အံ့သြတုန်လှုပ်စရာကြီးဖြစ်ခဲ့ပြီး ကစားသမားတွေလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အခြေအနေက ရုုတ်တရက်ဆိုသလို ကျွန်တော်တို့မှာ နည်းပြသစ် လျင်လျင်မြန်မြန်ရလာခဲ့ပြီး ပြိုင်ပွဲမှာ ရှိနေတဲ့ အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးပါ”လို့ ဗြိတိန်သတင်းစာတွေကို ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ကိုင်တွယ်ခဲ့စဉ်ကာလအတွင်းမှာ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

Share

က္က