သူ့ကိုခေါ်ယူမယ်လုပ်ပြီးမှ ဘာမှအကြောင်းမပြန်ခဲ့လို့ဖြစ်ပါတယ်။

ကစားသမားဘ၀ကအနားယူမလား၊ စပါးကိုပြောင်းရွှေ့မလားဆိုရင်တောင်မှ ကစားသမားဘ၀ကနေ အနားယူပစ်မယ်လို့ ဂါဘွန်တိုက်စစ်မှူးက ပြောဆိုခဲ့ပြီး တော့တင်ဟမ်ရဲ့လုပ်ရပ်အပေါ် နားမလည်နိုင်ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။ 


အာဆင်နယ်အသင်းခေါင်းဆောင်အော်ဘာမီယန်က သူဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက စပါးကို ပြောင်းရွှေ့လုနီးပါးအထိဖြစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ကစားသမားဘ၀ကအနားယူမလား၊ စပါးကိုပြောင်းရွှေ့မလားဆိုရင်တောင်မှ ကစားသမားဘ၀ကနေ အနားယူပစ်မယ်လို့ ဂါဘွန်တိုက်စစ်မှူးက ပြောဆိုခဲ့ပြီး တော့တင်ဟမ်ရဲ့လုပ်ရပ်အပေါ် နားမလည်နိုင်ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။
 


အော်ဘာမီယန်ဟာ ၂၀၁၈ မှာ အာဆင်နယ်ကို ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ အသင်းခေါင်းဆောင်အဖြစ်တောင် တာဝန်ယူနေရပြီဖြစ်ပါတယ်။ ဒေါ့မွန်မှာ နာမည်ကျော်ထင်ရှားခဲ့တဲ့နောက် အာဆင်နယ်က သူ့ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေကာ ခေါ်ယူခဲ့ပြီး အော်ဘာမီယန်ကလည်း ခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းရဲ့ အဓိကဂိုးသွင်းစက်အဖြစ်ရှိနေခဲ့ပါတယ်။ 



Sky Sports နဲ့ တွေ့ဆုံခဲ့မှုမှာ အော်ဘာမီယန်ကို ကစားသမားဘ၀က အနားယူမလား၊ စပါးကိုပြောင်းရွှေ့မလားလို့ မေးမြန်းခဲ့ရာမှာ "မေးနေစရာတောင်မလိုဘူးထင်ပါတယ်၊ အဖြေကိုသိပြီးသားဖြစ်မှာပါ၊ ကျွန်တော်အနားယူပစ်လိုက်မယ်၊ ဘာလို့လဲဆိုရင်တော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျွန်တော် စပါးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပါတယ်၊ အဆုံးသတ်မှာ သူတို့ဘယ်လိုလုပ်လိုက်လဲ မသိဘူး၊ ဒါကြောင့်လည်း ကျွန်တော် သူတို့ဆီပြောင်းဖို့ထက် အနားယူမယ်လို့ပြောတာပေါ့"

"အဲဒီတုန်းက စိန့်အက်တီယန်မှာလား၊ ဒေါ့မွန်မှာ စကစားနေချိန်လားတော့ ကျွန်တော်မမှတ်မိတော့ဘူး၊ ကျွန်တော် လန်ဒန်ကိုရောက်လာခဲ့တယ်၊ ၀ှိုက်ဟတ်လိန်းကွင်းကိုလည်း ကျွန်တော်သွားခဲ့သေးတယ်၊ အဲဒီနောက်မှာ သူတို့က ကျွန်တော့်ကို ဘာအဖြေမှမပေးခဲ့ဘူး၊ ပြန်ပြီးတော့လည်း မဆက်သွယ်တော့ဘူး၊ အိုကေ၊ မစိုးရိမ်ပါနဲ့ပေါ့လို့ပဲ ကျွန်တော်တွေးလို်ကတယ်၊ ဒါကြောင့် သူတို့အသင်းနဲ့တွေ့တိုင်း ကျွန်တော်အားသွန်ခွန်စိုက် ဘာလို့ကစားလဲဆိုတာ သူတို့သိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

အော်ဘာမီယန်ကတော့ ဒီရာသီမှာ အာဆင်နယ်အတွက် လိဂ်ဂိုး ၄ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ စပါးနဲ့ စုစုပေါင်း ၁၂ ကြိမ်တွေ့ခဲ့ရာမှာလည်း ၈ ဂိုးအထိ သွင်းယူကာ ၁ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Share

က္က