စပါးနဲ့လက်စတာတို့ ဒီညမှာ ကစားမှာပါ။

မကြာခင်မှာ ယှဥ်ပြိုင်ကစားတော့မယ့် စပါးနဲ့လက်စတာတို့ရဲ့ပွဲမှာ လက်စတာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် လက်စတာတသင်းလုံးအတွက် အလန်းစားဓာတ်ပုံတွေ ပို့ပေးမယ်လို့ လက်စတာပရိသတ်တယောက်လည်းဖြစ်တဲ့ မော်ဒယ်လ် ဘွန်နီဘရောင်းက ကမ်းလှမ်းထားပါတယ်။ လက်စတာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရရှိသေးပါဘူး။



လက်ရှိအချိန်ထိ လိဂ်ပွဲ (၆) ပွဲ ကစားပြီးချိန်မှာ လက်စတာက တပွဲသရေ၊ ငါးပွဲရှုံးနဲ့ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဒီကနေ့ညမှာလည်း နာမည်ကြီး စပါးကို လက်စတာတို့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လက်စတာအတွက် ထပ်မံခက်ခဲဦးမယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။ ဒါပေမယ့် လက်စတာကစားသမားတွေကို ခပ်လန်းလန်း မော်ဒယ်လ်လေးက အခုလိုပဲ ကမ်းလှမ်းခဲ့တာပါ။

ဘရောင်းက “ဘယ်ကစားသမားက ကျမကို Follow လုပ်ထားလဲဆိုတာတွေ ဘာတွေ ကျမပြောနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့သာ စပါးကို နိုင်မယ်ဆိုရင် ကျမရဲ့ ပုံတွေကို သူတို့တသက်စာ အခမဲ့ ကြည့်ရှုခွင့်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူတို့က ဒီရာသီ နည်းပြဘရန်ဒန်ရော်ဂျာလက်အောက်မှာ နိုင်ပွဲတပွဲမှမရရှိသေးပါဘူး”

“ဒီတော့ ကျမရဲ့ အကြမ်းစား ကမ်းလှမ်းမှုက သူတို့ရဲ့ အခြေအနေကို အပြောင်းအလဲလုပ်တဲ့နေရာမှာ အကူအညီဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရောင်းဟာ သူ့ရဲ့အချိန်ပြည့်အလုပ်ကို ထွက်လိုက်ပြီးနောက် Fanvue လို့ခေါ်တဲ့ ပလက်ဖောင်းမှာ သူ့ရဲ့ အလန်းစားဓာတ်ပုံတွေကို တင်ပြီး ဝင်ငွေရှာဖွေနေတာဖြစ်ပါတယ်။

ဒီအလုပ်ကတဆင့် ဘရောင်းက လျင်လျင်မြန်မြန်ပဲ ချမ်းသာလာခဲ့ပြီး ပေါ်ရှေးကားတစီးကိုလည်း ဝယ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်စတာကစားသမားတွေအတွက်တော့ ဘရောင်းပြောသလိုပဲ သူ့ရဲ့ ကမ်းလှမ်းမှုကို စပါးကို အဝေးကွင်းမှာ အနိုင်ယူဖို့ တွန်းအားဖြစ်စေမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က