အသင်းဟောင်းကို ကူညီဖို့ဆုံးဖြတ်ခဲ့တာပါ။

ဘာစီလိုနာကတော့ ၀ုလ်ဗ်တောင်ပံကစားသမားထရာအိုယေးကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘာစီလိုနာအကယ်ဒမီက ထွက်ပေါ်လာတဲ့ ဒီကစားသမားဟာ သူ့ရဲ့အသင်းဟောင်းဆီကို ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ပြီး စပါးရဲ့ မက်မောဖွယ်လစာငွေပေးချေမှုကိုတောင် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ 

စပိန်သတင်းဌာနတွေရဲ့ အတည်မပြုနိုင်တဲ့ သတင်းဖော်ပြမှုတွေအရဆိုရင် ထရာအိုယေးကို စပါးက တပတ်လုပ်ခပေါင်တသိန်းနှစ်သောင်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကစားသမားကတော့ လက်ရှိမှာ ဘဏ္ဍာရေးပြသနာတွေရှိနေပြီး စွမ်းဆောင်ရည်လည်းကျဆင်းနေတဲ့ အသင်းဟောင်းကို ကူညီဖို့ကို ရွေးချယ်ခဲ့ပြီး လစာငွေအားဖြင့်လည်း တပတ်မှ ပေါင်တသောင်းခွဲသာရရှိမယ်လို့ သိရပါတယ်။ 


ဒါဟာ စပါးကိုပြောင်းရွှေ့ခဲ့ရင် သူရရှိမယ့် လစာငွေအစွန်းထွက်ပမာဏတောင်မရှိတာဖြစ်ပါတယ်။ ကွန်တီက ထရာအိုယေးကို အသင်းတိုက်စစ်ပိုင်းအတွက် အလိုရှိခဲ့ပြီး သူ့ရဲ့ပံ့ပိုးမှုတွေက ဟယ်ရီကိန်းကို အထောက်အကူဖြစ်စေမယ်လို့ ယူဆနေခဲ့တာဖြစ်ပါတယ်။ သူ့ကို အသင်းဟောင်းက အလိုရှိလာချိန်မှာတော့ ပြန်သွားလို့ရမယ့် အခွင့်အရေးကိုပဲ ထရာအိုယေးက ဆုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ 


ဒီလိုပြောင်းရွှေ့နိုင်ခဲ့မှုနဲ့အတူ ထရာအိုယေးဟာ သူ့ရဲ့အသင်းဖော်ဟောင်းတဦးဖြစ်တဲ့ ဘရိတ်ဝေ့တ်နဲ့ ပြန်လည်ဆုံဆည်းတော့မှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အရင်က မစ်ဒယ်ဘရော့မှာ တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပြီး ထူးခြားတိုက်ဆိုင်စွာနဲ့ပဲ နူးကမ့်မှာ အသင်းဖော်တွေအဖြစ် ပြန်ဆုံတွေ့မှာဖြစ်ကာ ဘယ်လိုမှဖြစ်မလာနိုင်တဲ့ အဖြစ်အပျက်တခုက ဖြစ်လာခဲ့တယ်လို့ ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က