စပါးကြယ်ပွင့် ကူလူဆက်ဗ်စကီက ဖွင့်ဟခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးအတွက် ခြေစွမ်းပြကစားပေးနေတဲ့ ဆွီဒင်ကြယ်ပွင့်ကူလူဆက်ဗ်စကီက နည်းပြအန်တိုနီယိုကွန်တီက သူ့ကို ပျော်ပျော်ရွှင်ရွှင်မနေခိုင်းဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ကွန်တီက သူ့ကို ဒီထက်မကပိုမိုပြီး ရက်စ်ကြမ်းကြုတ်တဲ့ ကစားသမားတဦးအဖြစ်နဲ့ ကစားဖို့ကို အကြံပေးခဲ့တယ်လို့ ကူလူဆက်ဗ်စကီက ဟာသနှောပြောဆိုခဲ့ပြီး ကွန်တီရဲ့ တောင်းဆိုမှုက ဘယ်လောက်ကြီးမားလဲဆိုတာကို ဖွင့်ဟခဲ့တာပါ။ 

တော့တင်ဟမ်ကတော့ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၇မှတ်အထိ ရရှိထားပါတယ်။ ကွန်တီလက်ထက်မှာ ပိုကောင်းတဲ့အသင်းတသင်းပုံစံကို စပါးက ရရှိလာပြီး ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကွင်းတွင်းအပြုအမူတွေကလည်း တော်တော်လေးတိုးတက်ပြောင်းလဲလာခဲ့ကာ ဒါတွေရဲ့ နောက်ကွယ်မှာ အီတလီလူမျိုးနည်းပြရဲ့ တောင်းဆိုမှုတွေ မြင့်မားတာ၊ လှုံ့ဆော်တာတွေက အဓိကကျနေခဲ့ပါတယ်။ 

ကူလူဆက်ဗ်စကီရဲ့ တိုးတက်လာမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ဆွီဒင်ကြယ်ပွင့်က "ကျနော်မသိဘူး၊ ဂိုးတွေတော့ ပိုသွင်းလာနိုင်တယ်၊ အဲဒါကတော့ သေချာပါတယ်၊ တခါတလေမှာ ကျနော်ကစားနေတဲ့အခါ မတူညီတဲ့ ကမ္ဘာတခုထဲမှာရှိနေပါတယ်၊ တခါတလေမှာ အရမ်းကိုသက်တောင့်သက်သာရှိတယ်လို့ ခံစားရပြီး ဘောလုံးကစားရတာကို ကျနော်ပျော်ရွှင်နေပါတယ်"

"ဒါပေမယ့် ကွန်တီကတော့ ကျနော့်ကို အဲဒီလိုပျော်မနေစေချင်ဘူး၊ သူက ကျနော့်ကို အားကစားနည်းလမ်းနဲ့ ပြိုင်ဘက်တွေကို သတ်ပစ်ဖို့ အလိုရှိနေပါတယ်၊ ၀ုလ်နဲ့ ဂိုးမရှိသရေကျနေတဲ့အချိန်မှာဆို သူ ဒေါသထွက်နေခဲ့တယ်၊ ကျနော်တို့အားလုံးလည်း ကိုယ့်ကိုကိုယ်ဒေါသထွက်ခဲ့ကြတာပါ၊ ကျနော်တို့နည်းနည်းကြောက်တဲ့ပုံစံနဲ့ ကစားနေခဲ့ကြတယ်၊ ဒုတိယပိုင်းမှာတော့ ကျနော်တို့ အသင်းကောင်းတသင်းပုံစံကို ပြသနိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


ကူလူဆက်ဗ်စကီကတော့ ဂျူဗင်တပ်စ်ကနေ အငှားလာကစားနေတာဖြစ်ပြီး ကွန်တီလက်အောက်မှာ ခြေစွမ်းပြနေကာ အပြီးသတ်ဝယ်ယူဖို့အတွက် စပါးက စီစဉ်နေတယ်လို့လည်းသိရပါတယ်။ 

Share

Loading Next Article...
က္က