အချိန်မရွေးရောင်းချခြင်းခံရနိုင်သူဖြစ်ပါတယ်။

လာလီဂါထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ တော့တင်ဟမ်ဟော့စပါးကွင်းလယ်လူအန်ဒွန်ဘီလီကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေပါတယ်။ လိုင်ယွန်ကွင်းလယ်လူဟောင်းဟာ ဒီရာသီကမှ စပါးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။

အသက် ၂၃နှစ်အရွယ်သာရှိသေးတဲ့ ပြင်သစ်ကွင်းလယ်လူကို ပိုချက်တီနိုက ပေါင်သန်း၆၀ အထိ ပေးချေကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အန်ဒွန်ဘီလီကတော့ ဒဏ်ရာပြသနာတွေရှိနေခဲ့ကာ ခြေစွမ်းမပြနိုင်ခဲ့ဘဲရှိနေခဲ့ပြီး မော်ရင်ဟိုလက်ထက်မှာ ပုံမှန်နေရာရရှိဖို့ကို ရုန်းကန်နေရပြီး အနာဂတ်မသေမချာဖြစ်လာခဲ့ပါတယ်။ 

မော်ရင်ဟိုကိုယ်တိုင်ကလည်း အန်ဒွန်ဘီလီအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပြီး ပုံမှန်နေရာရရှိဖို့ တိုက်ပွဲဝင်တာထက် အသင်းကထွက်ခွာသွားဖို့ကိုသာ အာရုံစိုက်သင့်တယ်လို့ ယူဆရတဲ့ ပြောဆိုမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အန်ဒွန်ဘီလီကို လိုင်ယွန်မှာကစားနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ လာလီဂါထိပ်သီးအသင်းတွေအတွက်တော ့အချက်ပေးမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ 

အန်ဒွန်ဘီလီဟာ စပါးအတွက် ပရီးမီးယားလိဂ်ပွဲ ၁၉ ပွဲကစားပေးထားခဲ့ပြီး ၂ဂိုးသွင်းယူကာ ၂ကြိမ်ဖန်တီးပေးထားနို်င်ခဲ့ပါတယ်။ စပါးနဲ့ ၂၀၂၅ ခုနှစ်အထိ ရှိနေမယ့် နှစ်ရှည်စာချုပ်သစ်ကို ချုပ်ဆိ်ုထားခဲ့ပေမယ့် မော်ရင်ဟိုရဲ့ နှစ်သက်မှုကိုမရရှိဘူးဆိုရင်တော့ စပါးကနေအချိန်မရွေးထွက်ခွာသွားရမယ့်ကစားသမားလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာကတော့ ဆာဂျီယိုဘက်ကွက်စ်ရဲ့နေရာအတွက် အန်ဒွန်ဘီလီကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်က ပေါ့ဂ်ဘာကို ခေါ်ယူမယ်ဆိုပါက ငွေကြေးများစွာသုံးစွဲရမှာဖြစ်လို့ အဖိုးနှုန်းပိုမိုချိုသာမယ့် အန်ဒွန်ဘီလီကို ပြောင်းလဲရွေးချယ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က