မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ ဒေ့ါမွန်အသင်းပွဲကို beIN sport ရုပ်သံကနေ ကြည့်ရှုရင်း သုံးသပ်ဆွေးနွေးရင်း ပြောခဲ့တာ ဖြစ်ပါတယ်။
ညက ကစားခဲ့တဲ့စပါးနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို beIN SPORT သတင်းဌာနကနေ အာစင်ဝင်းဂါးတစ်ယောက် သုံးသပ်ဆွေးနွေးရင် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်သံမှာ ဘောလုံးပွဲကြည့်ရှုရင်း ဒေါ့မွန်ကစားသမား ဆန်းချိုကို အာဆင်နယ် နည်းပြအဖြစ် ရှိစဉ်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူတယ်လို့လည်း ပြောခဲ့ပါသေးတယ်။
“သူက လန်ဒန်သားဖြစ်လို့ ကျွန်တော်သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ဒါပေမယ့် အသက်ငယ်လွန်းသေး တာက သူ့ကို ခေါ်မယ့်အသင်းတွေအတွက် ဖိအားဖြစ်စေခဲ့တာပါပဲ” လို့ဝင်းဂါးက ပြောခဲ့တာပါ။
ဆက်လက်ပြီး ဒေါ့မွန်ကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စပါးအသင်းရဲ့ လူစာရင်းကိုကြည့်ပြီး ၁၉၉၂ ခုနှစ်က မန်ယူအသင်း လူစာရင်းကို ပြန်မြင်ယောင်မိတယ်လို့လည်း ဝင်းဂါးက သုံးသပ်ခဲ့ပါသေးတယ်။
“ အင်္ဂလန်မှာ ချန်ပီယံ ဖြစ်ဖို့ အရမ်းခက်ပါတယ်၊ ကျွန်တော် နောက်ဆုံး ဆုဖလားရခဲ့တုန်းက ဆီမီးဖိုင်မယ်မှာ မန်စီးတီး၊ဖိုင်နယ်မှာ ချဲလ်ဆီးတို့နဲ့ကစားပြီးမှ ရခဲ့တာပါ။ စပါးကို ကျွန်တော်ပြောချင်တာကတော့ သူတို့မှာ လူငယ်တွေ အများကြီးရှိတယ်၊ အခုမြင်နေရတဲ့အတိုင်းဆိုရင် ၉၂ တုန်းက မန်ယူမှာ ရှိခဲ့တဲ့ စခိုးလ်၊ဂစ်၊ဘတ်၊န ဗီးလ်၊ဘက်ခမ်းတို့အုပ်စုကို ပြန်မြင်ယောင်မိစေပါတယ်။ အဲ့တုန်းက မန်ယူအသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အခုစပါးအသင်းအနေနဲ့လည်း ချန်ပီယံ ဖြစ်ဖို့လိုပါတယ်။” လို့ ဝင်းဂါးက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
အာစင်ဝင်းဂါးကတော့ အာဆင်နယ်အသင်းကို ၂၂ နှစ်ကိုင်တွယ်ခဲ့ပြီးနောက် မနှစ်က ဘောလုံးရာသီမှာ အနား ယူခဲ့သူ ဖြစ်ပါတယ်။