အာတီတာကတော့ ဒီနေ့ညပွဲအတွက် အူဘာမီးယန်းအပေါ် မျှော်လင့်ချက်တွေအပြည့်ထားနေတာပါ။
အာဆင်နယ်နည်းပြ အာတီတာက ဒီနေ့ညမှာ ကစားမယ့် အာဆင်နယ်နဲ့စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဥ်မှာ တိုက်စစ်မှူး အူဘာမီးယန်း ပုံမှန်ခြေစွမ်းပြန်လည် ပြသနိုင်မယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။
အူဘာမီးယန်းဟာ လက်ရှိဘောလုံးရာသီမှာ အသင်းအတွက် အားကိုးလောက်စရာ ခြေစွမ်းမပြသနိုင်သေးဘဲ ပရီးမီးယားလိဂ်သွင်းဂိုး (၁) ဂိုးသာ သွင်းယူထားနိုင်တာပါ။ ရာသီအဖွင့် လိဂ်ပွဲ (၃) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ နော့ဝစ်ချ်၊ ဘန်လေတို့နဲ့ပွဲတွေမှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ခါးသီးပြိုင်ဘက် စပါးနဲ့ပွဲမှာသာ နိုင်ပွဲဆက်ခဲ့မယ်ဆိုရင် အသင်းက ယုံကြည်ချက်အမြင့်ဆုံးပြန်လည်ရောက်ရှိလာပါလိမ့်မယ်။
အာဆင်နယ်နည်းပြ အာတီတာကလည်း “အူဘာမီးယန်းက အခုဆို မတူညီတဲ့နေရာတစ်ခုကို ရောက်ရှိနေပါပြီ။ ဘန်လေနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီလို့ဆိုနိုင်ပြီး အသင်းအတွက် သူက ထူးခြားကောင်းမွန်တဲ့ ကစားသမားအဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာပါ။


“သူကိုယ်တိုင်လည်း အခွင့်အရေးတွေကို ဖန်တီးနိုင်တယ်ဆိုပေမယ့် အခုထက် ပိုမို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့လည်း သူ့ကို အများကြီး ပံ့ပိုးပေးသွားမှာပါ။ ဒီလိုဒါဘီပွဲမျိုးတွေမှာ သိပ်ကောင်းတဲ့ အခိုက်အတန့် တစ်ခုပဲလိုအပ်ပြီး နာမည်ကြီးကစားသမားတွေက ဒါကို ပုံမှန်အတိုင်း လုပ်နိုင်ကြပါတယ်။ အူဘာမီးယန်းသာ အဲ့ဒီလိုမျိုး စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ အသင်းအတွက် တကယ်ကို အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့စပါးတို့ရဲ့ ဒီရာသီရလဒ်တွေက ဆန့်ကျင်ဘက်အားဖြင့် တိုက်ဆိုင်မှုရှိတယ်လို့ဆိုရမှာပါ။ ရာသီအဖွင့်လိဂ်ပွဲ (၃) ပွဲဆက်တိုက် စပါးတို့ နိုင်ပွဲဆက်နေချိန်မှာ အာဆင်နယ်က ရှုံးပွဲတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ (၂) စားခဲတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုဆက်တိုက်မှာတော့ အာဆင်နယ်က နိုင်ပွဲတွေရခဲ့ပေမယ့် စပါးကတော့ ဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။ 

Share

က္က