စပါးပရိသတ်တွေက လှောင်ပြောင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ မန်စီးတီးတို့ရဲ့ ပွဲမှာ ပွဲချိန်အတွင်း စပါးပရိသတ်တွေက အာဆင်နယ်ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ မနေ့ညကပွဲမှာ ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ မန်စီးတီးတို့ အနိုင်ရရှိခဲ့တာပါ။



ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပြီး မန်စီးတီးက အာဆင်နယ်ထက် နှစ်မှတ်အသာရသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရာသီနောက်ဆုံးပွဲမှာ မန်စီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ အမှားအယွင်းမရှိခဲ့ရင် အာဆင်နယ်တို့ ဒီနှစ်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ဦးမှာပါ။


စပါးပရိသတ်တွေကတော့ သူတို့ရဲ့ ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ် အခုလိုမျိုး ချန်ပီယံဆုနဲ့ လွဲချော်တော့မယ့်အပေါ်မှာ ပျော်ရွှင်နေပါတယ်။ မနေ့ညက မန်စီးတီးနဲ့ပွဲမှာဆိုရင် ၀-၁ ဂိုးနဲ့ ရှုံးနိမ့်နေချိန်မှာတင် စပါးပရိသတ်တွေက အာဆင်နယ်နဲ့ပတ်သက်လို့ သံပြိုင်အော်ဟစ်လှောင်ပြောင်ခဲ့ကြတာပါ။

စပါးပရိသတ်တွေက “မင်းတို့ ကြည့်နေရဲ့လား အာဆင်နယ်ရေ” လို့ အော်ဟစ်နေခဲ့ကြတာကို ဗီဒီယိုမှတ်တမ်းထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ စပါးပရိသတ်တွေဟာ ဒီပွဲမတိုင်ခင်ကတည်းက အာဆင်နယ် ချန်ပီယံမဖြစ်ဖို့အတွက် မန်စီးတီးကို ရှုံးနိမ့်စေချင်ခဲ့ကြတာပါ။

အခု တကယ်တမ်း ကစားချိန်မှာလည်း မန်စီးတီးကသာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး စပါးပရိသတ်တွေကတော့ သူတို့ရဲ့ ရည်မှန်းချက်ပြည့်ဝသွားခဲ့ပါတယ်။ အာဆင်နယ်ကတော့ နှစ်ပေါင်း (၂၀) ကြာ ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေမှုကို ဒီနှစ်မှာလည်း အဆုံးသတ်နိုင်ဦးမယ့်ပုံမပေါ်ပါဘူး။

Share

Loading Next Article...
က္က