တစ်ဂိုးဖန်တီးခဲ့ပါတယ်။

ဂွမ်ဒိုဇီကတော့ စပါးနဲ့ပွဲမှာ တိုက်စစ်မှူး အူဘာမီယန်း ဂိုးသွင်းနိုင်ဖို့ လှပတဲ့ ဂိုးဖန်တီးမှုကို ပြုလုပ်ပေးခဲ့နိုင်သူ ဖြစ်ပါတယ်။

စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲအပြီးမှာ အာဆင်နယ် ကွင်းလယ်လူ ဂွမ်ဒိုဇီကို ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုက ဝေဖန်မှု ပြုလုပ်ခဲ့တဲ့အကြောင်း Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။

ဂွမ်ဒိုဇီအနေနဲ့ အာဆင်နယ်အသင်းအတွက် တိုက်စစ်မှူး အူဘာမီယန်း သွင်းယူခဲ့တဲ့ ဒုတိယချေပဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့သလို ပွဲချိန် တစ်လျှောက်လုံးလည်း ကွင်းလယ်မှာ အဖြတ်ရော၊ဘောလုံးအဖြန့်ရော ဦးဆောင် ကစားခဲ့သူပါ။



“ တစ်ခါတရံ ဂွမ်ဒိုဇီရဲ့ ဘောလုံးကစားဟန်က အရမ်းလွယ်ကူပါတယ်၊နောက်ပြီးတိုက်စစ်လိုက်ပါဖို့ အားသန်နေချိန်မှာ ဘောလုံးကို ဘေးတိုက်ပြန်ဖြန့်တာတွေ တွေ့နေရပါတယ်။ဒါပေမယ့် သူ့ရဲ့ ဘောလုံးကို ထိန်းသိမ်းလိုက်ချိန်ကတည်းက ပြန်ပေးဖို့ လုပ်ဆောင်ထားတာကတော့ အထင်ကြီးစရာပါပဲ၊စပါးနဲ့ပွဲမှာလည်း သူ တော်တော်ကောင်းအောင် ကစားခဲ့ပါတယ်။ဒါက သူ့အတွက် သူဘာလုပ်ဆောင်နိုင်လဲဆိုတာ ဥပမာ ပြပေး လိုက်သလိုပါပဲ၊သူက အရည်အချင်းရှိတဲ့လူငယ်လေးဖြစ်နေတဲ့အတွက် အနာဂတ်မှာအများကြီး တိုးတက်လာဖို့ မြင်ပါတယ်။” လို့ မော်ရင်ဟိုက ပွဲအပြီး Sky Sportsရဲ့အင်တာဗျူးမှာပြောသွားတာပါ။

ဂွမ်ဒိုဇီရဲ့ ခြေစွမ်းအပေါ်မှာတော့ အာဆင်နယ် နည်းပြ အူနိုင်းက အထင်ကြီးစရာပြသခဲ့တာ ဖြစ်ပြီး တိုးတက် လာတာကိုသိသိသာသာ မြင်တွေ့ခဲ့ရတယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အာဆင်နယ်အသင်းကတော့ စပါးနဲ့ပွဲ သရေကျခဲ့လို့ ၄ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ အဆင့် ၄ က ပဲလေ့စ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က