ဘယ်ကစားသမားမှ မလိုချင်တဲ့စံချိန်တစ်ခုပါ။

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက စပါးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ရဲ့စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီက နာပိုလီအသင်းကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုဟာ ပွဲဦးထွက်ရာသီမှာပဲ နာပိုလီအသင်းမှာတုန်းကလို ခြေစွမ်းမျိုး မပြသနိုင်တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က မယ်လ်မိုနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူစားဝင်လာတဲ့ ဂျော်ဂျင်ဟိုကို အသင်းပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ခဲ့ကြပါသေးတယ်။

ချယ်ဆီးအသင်းဟာ ဘုန်းမောက်၊ မန်စီးတီး၊ မန်ယူအသင်းတို့ကို ရှုံးနိမ့်ခဲ့တဲ့အတွက် လှောင်ပြောင်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ခံစားချက်ကိုလည်း အပြစ်တင်ဖို့ ခက်ခဲပါတယ်။

ဗုဒ္ဓဟူးနေ့က စပါးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းရဲ့ခြေစွမ်းဟာ တိုးတက်လာတာကို မြင်တွေ့ခဲ့ရပေမယ့် ဂျော်ဂျင်ဟိုကတော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဂျော်ဂျင်ဟိုဟာ ဘယ်သူမှမလိုချင်တဲ့ပရီးမီးယားလိဂ်ရဲ့စံချိန်တစ်ခုကိုလည်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟာ တစ်ရာသီအတွင်းမှာ ဂိုးဖန်တီးမှုတစ်ကြိမ်မှ မပြုလုပ်နိုင်ဘဲ ပေးပို့မှုအများဆုံး ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းနဲ့ပွဲစဉ်မှာ ဂျော်ဂျင်ဟိုဟာ အသင်းဖော်တစ်ဦးကိုမှ ဂိုးဖန်တီးပေးနိုင်ခြင်းမရှိဘဲ ကွင်းလယ်ကနေ ဘောလုံးပေးပို့မှု ၂၃၃၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က