လီဗာပူးလ်ကို ၅-၀ နဲ့ အိမ်ကွင်းမှာရှုံးခဲ့တာပါ။

လီဗာပူးလ်နဲ့ပွဲအပြီးမှာ ဆိုးလ်ရှားကို ရာထူးကနုတ်ထွက်ပေးဖို့အတွက် ပရိသတ်တွေက တောင်းဆိုခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 


စပါးကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့်လည်း ဒီနိုင်ပွဲကြောင့် လီဗာပူးလ်ကိုအရေးနိမ့်ခဲ့တဲ့ ဒဏ်ရာတွေက မကျက်သေးဘူးလို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးလ်ကို အိမ်ကွင်းမှာ ၅-၀ နဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့တာဖြစ်ပြီး စပါးနဲ့ပွဲက သူတို့အတွက် အရေးကြီးနေခဲ့ကာ ရလဒ်တွေထပ်မံဆိုးရွားခဲ့ပါက ဆိုးလ်ရှားရဲ့အနာဂတ်ပါ ဝေ၀ါးမယ့်အနေအထားမှာရှိနေခဲ့ပါတယ်။



ဒါပေမယ့် စပါးကို ရော်နယ်ဒို၊ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့လို့ ဆိုးလ်ရှားတစ်ယောက် ဖိအားတွေအောက်ကနေ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ စိတ်ဒဏ်ရာက သူ့ရင်ထဲမှာရှိနေသေးတယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။ လီဗာပူးလ်နဲ့ပွဲအပြီးမှာ ဆိုးလ်ရှားကို ရာထူးကနုတ်ထွက်ပေးဖို့အတွက် ပရိသတ်တွေက တောင်းဆိုခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

စပါးနဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက "ဒီရှုံးပွဲက သမိုင်းမှတ်တမ်းတွေမှာ အမိုက်မှောင်ဆုံးနေ့တစ်နေ့အဖြစ် အမြဲတမ်းရှိနေတော့မှာပါ၊ ကျွန်တော်တို့ရဲ့ CV မှာလည်း အဆိုးရွားဆုံးအချက်အဖြစ်ရှိနေပါလိမ့်မယ်၊ ဒါပေမယ့်လည်း ဘောလုံးမှာက သမိုင်းမှတ်တမ်းတွေဆိုတာက မြန်မြန်ဆန်ဆန်ကိုဖြစ်ပေါ်နေတာပါ၊ ရော်နယ်ဒိုနဲ့ ကာဗာနီတို့ရဲ့ အတွေ့အကြုံက အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်၊ ဒါကို ကျွန်တော်တို့ လိုအပ်ပါတယ်၊ ဖုုံးကွယ်ထားလို့မရပါဘူး"

"ဒိတပတ်က ကစားသမားအားလုံးအတွက် ခက်ခဲခဲ့ပါတယ်၊ သူတို့ တကယ်ကို အကျပ်ဆိုက်နေခဲ့ရတာပါ၊ တခါတလေမှာတော့ ဘောလုံးလောကမှာ ကျွန်တော်တို့အလှည့်ဖြစ်သလို တခါတလေမှာတော့ တခြားသူအလှည့်ဖြစ်နေမှာပါပဲ၊ ဒီတပတ်မှာ အားလုံးကြိုးစားအားထုတ်ခဲ့ကြပြီး ကျွန်တော့်ကောင်လေးတွေက ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်၊ ဗာရာနီက ထိပ်တန်းကစားသမားဖြစ်ပြီး ပွဲကိုကောင်းကောင်းဖတ်နိုင်စွမ်းရှိပါတယ်၊ သူ ပြန်ကစားနိုင်တာကလည်း တကယ်အကျိုးရှိခဲ့ပါတယ်"

"နောက်ထပ်ခက်ခဲတဲ့ အပတ်က ရှိလာဦးမှာပါ၊ ချန်ပီယံလိဂ်ပွဲပြီးရင် မန်စီးတီးနဲ့ ကစားရပါမယ်၊ အင်္ဂါနေ့အတွက် ကျွန်တော်တို့ အသင့်ပြင်ထားရပါမယ်" လို့ BBC ကို ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပွဲတွေဆက်တိုက်ကျပ်နေတာဖြစ်ပြီး လက်စတာ၊ လီဗာပူးလ်၊ စပါးတို့နဲ့ ကစားခဲ့ရသလို မန်စီးတီး၊ ဝက်ဖို့ဒ်၊ ချယ်လ်ဆီး၊

အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားရဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က