တွန်ဇီဘီနဲ့ ဖီးလ်ဂျုံးစ်တို့သာ လွဲချော်မှာပါ။

သောကြာနေ့မှာ အဝေးကွင်းပွဲအဖြစ် ယူနိုက်တက်ဟာ စပါးကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကွင်းလယ်လူပေါ့ဂ်ဘာအတွက်တော့ ရက်ပေါင်း ၁၇၆ ရက်အကြာမှာ ပထမဆုံးပွဲကို ပြန်လည်ကစားပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။


တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ယူနိုက်တက်အသင်းအတွက် ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့ ပါဝင်လာလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ခံလူနှစ်ဦးဖြစ်တဲ့ တွန်ဇီဘီ နဲ့ ဖီးလ်ဂျုံးစ်တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ကာ လိုက်ပါနိုင်မှာမဟုတ်ဘူးလို့ ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သောကြာနေ့မှာ အဝေးကွင်းပွဲအဖြစ် ယူနိုက်တက်ဟာ စပါးကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကွင်းလယ်လူပေါ့ဂ်ဘာအတွက်တော့ ရက်ပေါင်း ၁၇၆ ရက်အကြာမှာ ပထမဆုံးပွဲကို ပြန်လည်ကစားပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ နောက်ကျောဒဏ်ရာပြသနာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်လည်း ပါဝင်လာမှာဖြစ်လို့ ယူနိုက်တက်အသင်းကို လူစုံတက်စုံနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

"ဖီးလ်ဂျုံးစ်နဲ့ တွန်ဇီဘီတို့ ဒီပွဲကို လွဲချော်မှာပါ၊ သူတို့ အခြေအနေကို စောင့်ကြည့်ရပါဦးမယ်၊ သူတို့ကလွဲပြီးတော့ ကျန်ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝနေပြီး ပါဝင်ကစားပေးနိုင်မှာပါ၊ မားကပ်စ်နဲ့ ပေါလ်တို့ကတော့ ကာလရှည်အနားယူခဲ့ရပြီး အခုတော့ သူတို့တွေပြန်ကစားနိုင်ပါပြီ၊ သူတို့ဘယ်လောက်ထိ ကစားပေးနိုင်မလဲဆိုတာကို စောင့်ကြည့်ကြရအောင်ပါ" လို့ ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ 

ကစားသမားငါးဦးအထိ လူစားလဲလှယ်ခွင့်ပေးတဲ့အပေါ်မှာတော့ ဆိုးလ်ရှားက "ဒါက ပွဲအပေါ်မူတည်ပါတယ်၊ ကျွန်တော့်အထင်ပေါ့၊ လူစားလဲမှု ၃ဦးလောက်ပဲပြုလုပ်တာက ပွဲတစ်ပွဲအတွက် မှန်ကန်တဲ့အရေအတွက်လို့ထင်ပါတယ်၊ ကစားသမားငါးဦးလုံးကို လဲလှယ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ တခြားကစားသမားတွေကို ကျွန်တော်တို့ ကြည့်ရဦးမှာမို့ပါ"

"သူတို့က အချိန်အကြာကြီးမကစားခဲ့ရပါဘူး၊ ဒီအတွက် ကြံ့ခိုင်မှုအပိုင်းမှာ အခက်အခဲတွေရှိနေမှာပါ၊ ကစားသမားတွေကို ကာကွယ်နိုင်ဖို့ ရွေးချယ်ချင်စရာကောင်းတဲ့ နည်းလမ်းဖြစ်ပြီး မလိုအပ်တဲ့ ဒဏ်ရာရရှိမှုတွေကိုလည်း ရှောင်ရှားနိုင်မှာပါ" လို့ ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။ ယူနိုက်တက်ကတော့ လက်ရှိမှာအဆင့်ငါးနေရာရပ်တည်နေပြီး အဆင့်လေးနေရာက ချယ်လ်ဆီးနဲ့ ၃ မှတ်ကွာဟနေပါတယ်။ 

Share

Loading Next Article...
က္က