အမှတ်မလျော့တာမဖြစ်နိုင်ဘူးလို့ ပြောခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီနေ့ည စပါးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲကျန်မတိုင်ခင် သူ့အသင်းက မရှုံးနိုင်တော့ဘူးဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ မန်စီးတီးဟာ ဒီနေ့ညမှာ စပါးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။



စပါးရဲ့ကွင်းသစ်ကြီးမှာ သွားရောက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း မန်စီးတီးတို့ ရှုံးနိမ့်ထားတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပွဲအတွက် မန်စီးတီးတို့ သတိကြီးကြီးထားဖို့ လိုအပ်ပြီး ဂွါဒီယိုလာကလည်း သူ့အသင်းနဲ့ ပတ်သက်လို့ သတိပေးစကားတွေ ပြောကြားထားပါတယ်။

ဂွါဒီယိုလာက “ပရီးမီးယားလိဂ်က ပျင်းဖို့ကောင်းလားဆိုရင်တော့ ပျင်းဖို့မကောင်းပါဘူး။ ဒီနေရာကို ပြန်ရောက်လာဖို့က တော်တော် ခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီတော့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးချင်ပါတယ်။ လူတွေက မန်စီးတီးမရှုံးတော့ဘူး၊ သူတို့ အမှတ်မလျော့နိုင်တော့ဘူးလို့ ပြောရင် ကျွန်တော် အရမ်း အံ့အားသင့်ပါတယ်”

“ကျွန်တော်တို့လည်း အမှတ်လျော့နိုင်တာပေါ့ဗျာ။ ဒီလိုမျိုး ကြားရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေကို တစ်စက္ကန့်တောင် အာရုံမစိုက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပြောဆိုမှုတွေက မမှန်ကန်လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။



မန်စီးတီးဟာ လက်ရှိမှာ အာဆင်နယ်ထက် တစ်ပွဲလျော့၊ တစ်မှတ်နည်းနေပြီး စပါးနဲ့ပွဲမှာသာ အနိုင်ရရှိခဲ့ရင် ရာသီပိတ်နောက်ဆုံးပွဲကို အပေါ်စီးကနေ ကစားခွင့်ရရှိမှာပါ။ ဒါပေမယ့် သရေ ဒါမှမဟုတ် နိုင်ပွဲပျောက်ခဲ့ရင်တော့ ဂိုးကွာခြားချက်အရရော၊ ရမှတ်ပိုင်းအရပါ ချန်ပီယံဆုနဲ့ လွဲချော်သွားနိုင်ပါတယ်။

Share

Loading Next Article...
က္က