တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က လာမယ့်တပတ်ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲမှာ သူတို့အသင်းကို အာဆင်နယ်က ထိတ်လန့်နေလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ စပါးကတော့ ဒီရာသီအစမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်နေပြီး အမှတ်ပေးဇယားအထက်ပိုင်းမှာ ရပ်တည်နေတာ ရှုံးပွဲမရှိစံချိန်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဆွန်ဟောင်မင်နဲ့ ဂျိမ်းစ်မက်ဒီဆန်တို့က တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေပြီး ကျန်ကစားသမားတွေကလည်း သက်ဆိုင်ရာနေရာတွေမှာ အကောင်းဆုံးကစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အတွက် စပါးက ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ် ရှိနေပြီဖြစ်ပြီး ဆွန်ကတော့ သူတို့အသင်းရဲ့ စုစည်းညီညွှတ်မှု့ အာဆင်နယ်ကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
"အခုချိန်မှာ အာဆင်နယ်က ကျနော်တို့ကို ရင်ဆိုင်ချင်မှာမဟုတ်ပါဘူး၊ လူတိုင်းက တဦးအတွက်တဦး ပြေးလွှားတယ်၊ တဦးအတွက် တဦး တိုက်ခိုက်ပေးနေပါတယ်၊ တကယ်လို့ တယောက်ယောက်က လူစားလဲသွားပြီး လက်ကမ်းပေးရင် လူတိုင်းက အဲဒီအတွက် ပျော်ရွှင်နေကြတယ်၊ ဒါက အသင်းတသင်းအနေနဲ့ ကျနော်တို့ကို တကယ်သန်မာစေပါတယ်" လို့ ပြောဆိုသွားခဲ့တာပါ။
ဆွန်ကတော့ ဒီရာသီမှာ စပါးအတွက် ဟက်ထရစ်သွင်းယူပေးထားပြီးဖြစ်ကာ အသင်းခေါင်းဆောင်အဖြစ်နဲ့လည်း အကောင်းဆုံးကစားပေးနေတာ ဖြစ်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ ရှက်ဖီးနဲ့ပွဲမှာလည်း နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး သူတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ အာဆင်နယ်ကလည်း ဒီရာသီမှာ ရှုံးပွဲမရှိသေးဘဲ ခြေစွမ်းပြနေလို့ သူတို့တွေ့ဆုံမယ့်ပွဲကတော့ အကြိတ်အနယ်စြဖ်လာမှာ သေချာပါတယ်။