လူပေါင်း ၇၀၀ ဆီကနေ မက်ဆေ့လက်ခံရရှိခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြသစ်မော်ရင်ဟိုဟာ ပိုချက်တီနိုရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခံခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌအက်ဒ်ဝုဒ်ဝဒ်ဆီကနေ ထူးခြားတဲ့သတင်းစကားကို ရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ မော်ရင်ဟိုကို တော့တင်ဟမ်ဟော့စပါးအသင်းက နည်းပြပိုချက်တီနိုကို ထုတ်ပယ်အပြီး ၁၂ နာရီခန့်အကြာလောက်မှာပဲ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ အဆင်ပြေပြေ ထွက်ခွာခဲ့ရတာမဟုတ်ပေမယ့်လည်း မော်ရင်ဟိုဟာ တော့တင်ဟမ်ဟော့စပါးနည်းပြရာထူးကို ရရှိခဲ့တဲ့အတွက် အက်ဒ်ဝုဒ်ဝဒ်ရဲ့ ဂုဏ်ပြုစကားပြောကြားခြင်းကို ခံခဲ့ရပါတယ်။

“ကျွန်တော် အားလုံးဆီကနေ မက်ဆေ့တွေ ရရှိခဲ့တယ်။ နေရာတိုင်းကရောပဲ”

“ကျွန်တော် စာပို့တဲ့ အယောက် ၅၀၀ လောက်ကို စာမပြန်နိုင်တာကို တောင်းပန်ဖို့ အခွင့်အရေးရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် မက်ဆေ့ အစောင် ၇၀၀ ရရှိခဲ့ပေမယ့် ၂၀၀ လောက်ကိုပဲ ပြန်ဖြေဖို့ အချိန်ရှိခဲ့ပါတယ်”

“ဒါပေမယ့် ကျွန်တော့်ရဲ့နောက်ဆုံးအသင်းဆီက လူအများကြီးဆီကနေ လေးစားမှု၊ စာနာမှု၊ ခံစားချက်တွေပြသတာကို မြင်ရတာကတော့ တော်တော်လေးထူးဆန်းနေပါတယ်။ အဲဒါက အရမ်းကောင်းပါတယ်”

“သူတို့တွေအားလုံးဟာ ထူးခြားတဲ့သူတွေပါ။ ပထမဆုံးဂုဏ်ပြုစကားပြောတာကတော့ မန်ချက်စတာယူနိုက်တက်မန်နေးဂျင်းဒါရိုက်တာ ရစ်ချက်အာနိုးလ်ပါ။ တတိယ၊ စတုတ္ထ ဒါမှမဟုတ် ပဥ္စမမြောက် ဂုဏ်ပြုတာက အက်ဒ်ဝုဒ်ဖြစ်ပါလိမ့်မယ်။ သူတို့တွေက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပါ”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

က္က