ဘန်လေနဲ့ပွဲတုန်းက ကွင်းလယ်ဒိုင်ကို ပြန်ပြောခဲ့လို့ပါ။

ပြစ်ဒဏ်အပေါ် စောဒကတက်စရာမရှိသလို ဒီပြစ်ဒဏ်က စပါးအသင်းကို ဘာမှ မလုပ်နိုင်ဘူးလို့လည်း ပွန်ချက်တီနိုက ပြောခဲ့ပါတယ်။

စပါးအသင်းရဲ့ နည်းပြ ပွန်ချက်တီနိုက အင်္ဂလန်အက်ဖ်အေက ၂ ပွဲပယ်နဲ့ ငွေဒဏ်အဖြစ် ပေါင် ၁သောင်း ပေးဆောင်စေခဲ့ပြီလို့ Daily Mail က ဖော်ပြပါတယ်။ ဒီလို ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွန်ချက်တီနိုအနေနဲ့ ရှေ့လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ဆောက်သမ် တန်၊လီဗာပူးတို့နဲ့ တွေ့ဆုံနေတဲ့ ပွဲတွေကို တာဝန်ယူကိုင်တွယ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

အခုလို ပွန်ချက်တီနိုကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ရခြင်းကတော့ ပြီးခဲ့တဲ့ ဘန်လေကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်အပေါ် မချေမငံံ ဆက်ဆံခဲ့ပြီး ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မလေးစားတဲ့ အပြုအမူတွေကြောင့် ဖြစ် တယ်လို့ သိရပါတယ်။

“ မှန်လားမှားလားပဲ စောဒဂတက်ခဲ့တာပါ၊ ဒီအတွက်လည်း မိုက်ဒိန်းကို တောင်းပန်ပါတယ်၊” လို့ ပွန်ချက်တီနိုက ပွဲအပြီးမှာ ကတည်းက ပြောခဲ့ပြီးသားပါ။

ပွန်ချက်တီနိုက မိုက်ဒိန်းကို လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့တာ ဖြစ်ပြီး အကြောင်းကတော့ အဖြစ်အပျက်က လူသိရှင်ကြားဖြစ်ခဲ့လို့ နှစ်ကိုယ်ကြား ပြန်မတောင်းပန်ပဲ လူသိရှင်ကြား မီဒီယာက တဆင့် ပြန်တောင်းပန်ခဲ့တာပါ။

အဲ့ဒီလို လူသိရှင်ကြား ပြန်တောင်းပန်ခဲ့လို့ ပြစ်ဒဏ်လျော့ပေါ့မယ်လို့ ပွန်ချက်တီနို ယုံကြည်ခဲ့ပေမယ့်လည်း အခုအခါမှာတော့ အက်ဖ်အေက ၂ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေကို ဆောင်စေခဲ့ပါပြီ။

“ ဒီလို ပြစ်ဒဏ်အတွက်တော့ ဘာမှ ပြောစရာမရှိပါဘူး၊ ဒီပြစ်ဒဏ်လောက်က အသာလေး ပေးနိုင်ပါတယ်။ စိတ်ပျက်ပေမယ့် ရှေ့ဆက်ဖို့အတွက် ဘာမှ မဖြစ်ပါဘူး” လို့လည်း ပွန်ချက်တီနိုက ပြောခဲ့ပါတယ်။

စပါးကတော့ ဒီမနက်ပိုင်းက ဒေါ့မွန်ကို အဝေးကွင်းမှာပဲ ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၄-၀ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းသွားပါပြီ။

Share

Loading Next Article...
က္က