Talksport ရဲ့ ဆွေးနွေးခန်းမှာ ဝဲလ်ရှိုင်းယားက ပြောကြားခဲ့တာပါ။

အာဆင်နယ်ကွင်းလယ်လူဟောင်း ဝဲလ်ရှိုင်းယားက ခါးသီးမြို့ခံပြိုင်ဘက် စပါးကို ရောက်ရှိသွားတဲ့ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်နဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလိုက်တဲ့အပြင် စပါးသာ ပရီးမီးယားလိဂ်ဖလားရရင် အင်္ဂလန်ကနေ ထွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရစ်ချာလီဆန်ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးတို့က စိတ်ဝင်စားခဲ့ပါသေးတယ်။



ဒါပေမယ့် စပါးကတော့ အဆိုပါဘရာဇီးတိုက်စစ်မှူးအတွက် လျင်လျင်မြန်မြန်နဲ့ လှုပ်ရှားခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ရစ်ချာလီဆန်နဲ့ အာဆင်နယ်အကြား အကြိမ်ပေါင်းများစွာ ဆက်သွယ်မှုတွေရှိခဲ့ပေမယ့် အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်မရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ စပါးကိုသာ ရစ်ချာလီဆန်က ရွေးချယ်သွားတယ်လို့ သုံးသပ်နေကြပါတယ်။

အာဆင်နယ်ကလည်း မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ကိုသာ ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ ဂျီးဆပ်စ်ကိုရလိုက်တာကြောင့် ရစ်ချာလီဆန်ကို လက်လွှတ်လိုက်ရတဲ့အပေါ် စိတ်ထဲကြီးကြီးမားမား ခံစားရဟန်မရှိပါဘူး။ ဒါပေမယ့် ဝဲလ်ရှိုင်းယားကတော့ ရစ်ချာလီဆန်ကို အခုလိုမျိုးပဲ ဝေဖန်လာခဲ့ပါတယ်။

“ကျနော်သာ ရစ်ချာလီဆန်ကို အာဆင်နယ်ဆီ ခေါ်လို့ရရင် ခေါ်မလားဆိုရင်တော့ ခေါ်မှာပါ။ ဒါပေမယ့် သူက အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရမယ်မထင်ပါဘူး။ သူ့အတွက် သေချာပေါက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် ကောင်းမွန်တဲ့လူစာရင်းရဲ့ အစိတ်အပိုင်းတခုဖြစ်ခွင့်ရှိပါမယ်။ တဖက်မှာလည်း သူက အာဆင်နယ်မှာ ပွဲထွက်ခွင့်တနေရာရမယ်လို့ ကျနော် မထင်ပါဘူး” လို့ ဝဲလ်ရှိုင်းယားက သုံးသပ်ပြောကြားခဲ့ပါတယ်။



ဒါ့အပြင် စပါးသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးသွားရင်ဆိုတဲ့ မေးခွန်းအပေါ်မှာလည်း ဝဲလ်ရှိုင်းယားက “အဲ့ဒီလိုသာတကယ်ဖြစ်ခဲ့ရင် ကျနော် သြစတြေးလျကို ပြောင်းနေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က စပါးရဲ့ကပ်လျက်အောက် အဆင့် (၅) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က