ဆွန်ဟောင်မင်ရဲ့ ကျော်ကြားမှုအရှိန်ကြောင့်ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ကေလိဂ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် စပါးရဲ့ ပွဲစဉ်လက်မှတ်တွေဟာ ၂၅ မိနစ်အတွင်းမှာပဲ ကုန်စင်အောင်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားဘောလုံးသတင်းထောက် Sungmo Lee က သူ့ရဲ့ တွစ်တာကတဆင့် ရေးသားပြောဆိုခဲ့တာဖြစ်ပြီး လက်မှတ်ပေါင်း ၆၆၀၀၀ ကို နာရီဝက်တောင်မကြာဘဲ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ စပါးကိုအားပေးမှုမြင့်တက်လာတဲ့ တောင်ကိုရီးယားမှာ ရာသီကြိုခြေစမ်းပွဲကန်ဖို့အတွက် စပါးဘက်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒီအကျိုးကျေးဇူးကို ခံစားလိုက်ရတာဖြစ်ပြီး ကေလိဂ် All Stars အသင်းနဲ့ ကန်မယ့်ပွဲစဉ်ကို ပရိသတ်စိတ်ဝင်စားမှု တော်တော်လေးမြင့်တက်ခဲ့ကာ လက်မှတ်တွေကို အလုအယက်ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။ 

တောင်ကိုရီးယားမှာ နာမည်ကျော်ကြားပြီး သူရဲကောင်းတဦးလိုဖြစ်နေတဲ့ ဆွန်ဟောင်မင်နဲ့ သူ့ရဲ့စပါးအသင်းဖော်တွေကို ကြည့်ရှုခွင့်ရမယ့် အခွင့်အရေးကို တောင်ကိုရီးယားဘောလုံးပရိသတ်တွေက လက်လွှတ်မခံခဲ့တာဖြစ်ပါတယ်။ စပါးကတော့ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် ကေလိဂ်၊ ဆီဗီလာ၊ ရိန်းဂျားစ်၊ ရိုးမားတို့နဲ့ ကစားဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ 

စပါးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကလည်း "ဆွန်နီက သူနဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ရရှိတာကို မြင်တွေ့ရလို့ ကျေနပ်မိပါတယ်၊ စပါးရဲ့ တောင်ကိုရီးယားခရီးစဉ်အတွင်း အားလုံးက သူ့ကို အသိအမှတ်ပြုမှာသေချာပါတယ်" လို့ ရေးသားခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ကျော်ကြားလာမှုနဲ့အတူ စပါးရဲ့ ဒီခရီးစဉ်က ငွေကြေးအရလည်း အကျိုးအမြတ်အများအပြားရရှိဖို့ရှိနေပါတယ်။ 

Share

က္က