မြို့ပြအင်္ဂါရပ်နဲ့ညီညွှတ်ဖို့ လှိုင်ရတနာဈေးကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိမရှိကို တိုင်းဒေသကြီးလွှတ်တော်မှာမေးမြန်းခဲ့တာပါ။

စည်ပင်သာယာလက်အောက်က ဈေးတွေကို အဆင့်မြင့်ဈေးတွေအဖြစ် အကောင်အထည်ဖော်ဖို့ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက တိုင်းလွှတ်တော်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြောပါတယ်။



လှိုင်ရတနာဈေး - ဓာတ်ပုံ(youtube)

စည်ပင်လက်အောက်ကဈေးတွေကို Market Operator စနစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး ပထမအဆင့်အနေနဲ့ လှိုင်မြို့က လှိုင်ရတနာဈေးကို စတင်အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။

“တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ စည်ပင်ကွပ်ကဲမှုအောက်မှာရှိတဲ့ ဈေးတွေကို အဆင့်မြင့် ဈေးတွေဖြစ်လာဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ public private partnership သို့မဟုတ် BOT စနစ်နဲ့ တည်ဆောက်ပြီး Market Operator စနစ်နဲ့ အကောင်ထည်ဖော်ဖို့အတွက် လှိုင်ဈေးကို ပထမအဆင့်အကောင်အထည်ဖော်မှာပါ ” လို့ရန်ကုန်မြို့တော်ဝန်က လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

လှိုင်မြို့နယ် မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက မြို့ပြအင်္ဂါရပ်နဲ့ညီညွှတ်ဖို့ လှိုင်ရတနာဈေးကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိ မရှိကို တိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က