သရုပ်ဆောင် ထက်ထက်ထွန်းက မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် လသာမြို့နယ်အတွက် ရွေးချယ်ခံရတာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူမ ယှဉ်ပြိုင်ရမယ့် မြို့နယ်တွေက လသာမြို့နယ် အပါအဝင် မြို့နယ် ၁၂ မြို့နယ်မှာ ပြိုင်ရမှာလို့ ဆိုပါတယ်။
Photo: Htet Htet Htun
အလှမယ်၊ သရုပ်ဆောင် ထက်ထက်ထွန်းက လသာမြို့နယ်အတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ရွေးချယ်ခံလိုက်ရပြီဆိုတဲ့ သတင်းတွေရဲ့ အမှန်တရားကို အခုလို ပြောပြလာပါတယ်။ ဒါဟာ ရွေးချယ်ခံရတာမဟုတ်ပဲ ယှဉ်ပြိုင်ခွင့်ပြုလိုက်တယ်ဆိုတဲ့ သဘောတရားပါလို့ Duwun media ရဲ့ မေးမြန်းဆက်သွယ်မှုမှာ အခုလို ဖြေဆိုခဲ့ပါတယ်။
‘’ထက်ထက်ထွန်းက လသာမြို့နယ်အတွက် ရွေးကောက်ခံ လိုက်ရပြီ ဆိုပြီးတော့ပေါ့။ တကယ်တော့ ထက်ထက်ထွန်းက လသာမြို့နယ်ကနေ ဝင်ပြိုင်ထားလို့ လသာမြို့နယ်ကနေ ဝင်ပြိုင်ခွင့်ပြုလိုက်ပါပြီ ဆိုပြီးတော့ အထက်က ချလိုက်တာ။ အဲဒါကို ရေးထားတာက လသာမြို့နယ်အတွက် ရွေးကောက်ခံလိုက်ရပြီဆိုတာမျိုးဖြစ်နေတယ်။ အကုန်လုံးက အထင်လွဲနေကြတယ် လသာမှာ ဘယ်သူက ရွေးလိုက်တာလဲပေါ့။ ထက် တစ်ယောက်တည်းမဟုတ်ပါဘူး နောက်ထပ် တစ်ယောက်ရှိပါသေးတယ်’’ လို့ သူကဆိုပါတယ်။
Photo: Htet Htet Htun
ထက်ထက်ထွန်းဟာ ပထမအဆင့်အနေနဲ့ အောင်မြင်မှုတစ်ခုကို တက်လှမ်းလာနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ ဂုဏ်ပြုစကားတွေအပေါ်မှာလည်း ပီတိဖြစ်မိတယ်လို့ သူကပြောပါတယ်။
‘’ လသာမြို့နယ်အတွက် ထက် တစ်ယောက်တည်း ရွေးချယ်ခံရတာ မဟုတ်ပေမယ့် လောလောဆယ် ဝင်ပြိုင်ထားတဲ့ ပထမအဆင့် ကို အထက်က Approve လုပ်ပေးလိုက်တဲ့ အဆင့်ကလည်း ထက် ကိုယ်တိုင် ဝမ်းလည်း ဝမ်းသာတယ်၊ ပျော်လည်းပျော်ရတယ်၊ ဂုဏ်လည်း ဂုဏ်ယူရပါတယ်။ ပရိသတ်တွေ ဂုဏ်ပြုပေးကြတာလည်း အမှားမရှိပါဘူး’’ လို့ဆိုပါတယ်။
Photo: အလင်းရောင်
ထက်ထက်ထွန်းဟာ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် မဲဆွယ်စည်းရုံးရေးမှာ လသာမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ်မှာ မဲဆွယ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
‘’ ထက် က ကော်မတီဝင်နေရာကို လသာမြို့နယ်ကနေ ဖောင်တင်လိုက်တာ (မဲဆန္ဒ နယ် ၃) အတွက်ဖောင်တင်လိုက်တာပေါ့နော်။ ထက် ဝင်ပြိုင်ရမယ့် မြို့နယ်က ၁၂မြို့နယ်ရှိတယ်။ လသာမှာ ဖောင်လိုက်တာ အထက်ကနေပြီးတော့ Approve လုပ်တယ်ပေါ့နော်။ ဝင်ပြိုင်တဲ့သူတွေကတော့ အများကြီးပါပဲ ဒါပေမယ့် သူတို့ Approve လုပ်လိုက်တာ ထက် တစ်ယောက်တည်း မဟုတ်ပါဘူး။ ၂ယောက်ပါ။ တော်တော်များများက အထင်လွဲနေကြတာပါ’’ လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Htet Htet Htun
အလှမယ်ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက်ယူဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုချိန်မှာလည်း ဇာတ်ကား တော်တော်များများ ရိုက်ကူးနေရေသူပါ။
Share