တိုင်းအစိုးရက စည်ပင်ရွေးကောက်ပွဲကို ငွေကျပ်နှစ်ဘီလီယံအထိသုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။

စည်ပင်သာယာရွေးကောက်ပွဲအတွက် စေတနာ့ဝန်ထမ်းအယောက်ပေါင်း ၂၀၀ နီးပါးလောက်လာရောက်လျှောက်ထားမှုရှိတယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်မယ် PACE Myanmar က သိရပါတယ်။

(ရွေးကောက်ပွဲကို စောင့်ကြည့်မယ့်အကြောင်း သတင်းစာရှင်းလင်းပွဲအခမ်းအနား)

“ လျှောက်လွှာမှာလျှောက်ထားတဲ့သူတွေက တစ်ရာကျော်နေပြီ။ ကျန်တဲ့ institution တွေကနေလည်း volunteer တွေရှာဖွေပေးထားတယ်။ လူဦးရေလက်ရှိက နှစ်ရာနီးပါးရှိနေပြီ။ ရန်ကုန်မှာရှိတဲ့ ပြည်သူလူထုတိုင်းကို ပါဝင်စေချင်ပါတယ်။ လူက ၄၅၀ ဆိုပေမယ့် လာလျှောက်လို့ရပါတယ် ” လို့ PACE Myanmar က program manager ကိုဟန်စိုးထွန်း က Duwun ကိုပြောပါတယ်။


မတ်လ ၃၁ ရက်နေ့မှာကျင်းပမယ့် စည်ပင်သာယာရွေးကောက်ပွဲကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထားသူတိုင်း မဲပေးနိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေကိုတော့ ဇီးရိုးဘတ်ဂျက်နဲ့လုပ်ဆောင်မှာဖြစ်ပြီးတော့ တိုင်းအစိုးရက စည်ပင်ရွေးကောက်ပွဲကို ငွေကျပ်နှစ်ဘီလီယံအထိသုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်မှာကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ တစ်အိမ်ထောင်ကို လူဦးရေ တစ်ယောက်ပဲမဲပေးခွင့်ရခဲ့တာဖြစ်ပြီးတော့ အခုကျင်းပတဲ့စည်ပင်သာယာရွေးကောက်ပွဲက လွတ်လပ်စွာကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က