မတ်လ ၃၁ ရက်နေ့မှာကျင်းပမယ့် စည်ပင်ရွေးကောက်ပွဲကို စေတနာ့ဝန်ထမ်း ၄၅၀ နဲ့ စောင့်ကြည့်သွားမယ်လို့ PACE မြန်မာက ဇန်ဝါရီ ၃၀ ရက်နေ့က ပြောပါတယ်။
“ကျွန်တော်တို့လက်ရှိမှာ တော့ စေတနာ့ဝန်ထမ်း ၁၀၀ေ လာက်ကို ရွေးချယ်ရေးပြုလုပ်နေတဲ့အဆင့်ရောက်နေပါပြီ။ အများဆုံး ၄၅၀ လောက်အထိရွေးပြီးစောင့်ကြည့်မှာဖြစ်ပါတယ်။ ” လို့ PACE Myanmar မှ Program Manager ဦးဟန်စိုးထွန်းက ပြောပါတယ်။
စည်ပင်ရွေးကောက်ပွဲမှာ စောင့်ကြည့်မယ့် စေတနာ့ဝန်ထမ်းတွေကိုတော့ အခကြေးငွေ ပေးမှာမဟုတ်ဘဲနဲ့ ဇီးရိုးဘတ်ဂျက်နဲ့ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေလုပ်ပေးမယ်လို့ သိရပါတယ်။
စည်ပင်ရွေးကောက်ပွဲကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း၊ နိုုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူတိုင်း မဲပေးနိုင်ပြီးတော့ ၂၀၁၄ ခုနှစ်မှ ာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ တစ်အိမ်ထောင်ကို မိသားစုဝင်တစ်ယောက်သာ မဲပေးခွင့်ပြုခဲ့တာဖြစ်ပါတယ်။
စည်ပင်ရွေးကောက်ပွဲအတွက် တိုုင်းဒေသကြီးအစိုးရကနေ ဘတ်ဂျက် ငွေကျပ်နှစ်ဘီလီယံ သုံးစွဲမှာဖြစ်ပြီးတော့ စည်ပင်ဝန်ထမ်းတွေကိုလည်း နိုဝင်ဘာလအတွင်း သင်တန်းပို့ချခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကေ်ာမတီအဆင့်ဆင့် ရွေးကောက်ပွဲကျင်းပမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံတွေကို နံနက် ၆ နာရီကနေ ၄ နာရီအထိ ဖွင့်ထားမှာဖြစ်ပါတယ်။