မော်ရင်ဟိုရဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။

မန်စီးတီးကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း စပါးအသင်းနည်းပြမော်ရင်ဟိုကတော့ ပွဲအပြီးမှာ VAR စနစ်ကို ဝေဖန််မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဆွန်ဟောင်မင်၊ ဘာဝိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ စပါးက မန်စီးတီးကို အိမ်ကွင်းမှာအနိုင်ယူပြီး အဆင့်၅နေရာကို ရောက်လာခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုမျှော်လင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း မော်ရင်ဟိုက စတာလင်ကို ထုတ်ပယ်ခြင်းမရှိခဲ့တဲ့ အဖြစ်အပျက်အတွက် ဝေဖန်ခဲ့တာဖြစ်ပြီး အနီကတ်ပြခဲ့သင့်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။ ဒယ်လီအလီအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ စတာလင်ရဲ့ လုပ်ရပ်ဟာ တိုက်ရိုက်အနီကတ်ပြသခဲ့သင့်တယ်လို့ မော်ရင်ဟိုက ယူဆခဲ့ပြီး ကွင်းလယ်ဒိုင်အမှားမဟုတ်ဘဲ VAR အမှားလို့ ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ 

"ဂိုးလိုင်းနည်းပညာကို ကျွန်တော်နှစ်သက်ပါတယ်၊ ဘာလို့လဲဆိုတော့ အမှားအယွင်းလုံးဝမရှိလို့ပါ၊ VAR ကတော့ အမှားတွေအများကြီးပါပဲ၊ ဒီပွဲက အမှားတွေနဲ့ စတင်ခဲ့ပါတယ်၊ စတာလင်ရဲ့ဖြစ်ရပ်က အနီပြရမှာပါ၊ အနီကတ်တိုက်ရိုက်ပြပြီးတော့ ထုတ်ပယ်ခဲ့ရမှာပါ၊ ကွင်းလယ်ဒိုင်မိုက်ဒင်းရဲ့ တာဝန်က ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ကျွန်တော့်အတွက်တော့ သူ့စွမ်းဆောင်ရည်က အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်"

"ပြသနာက VAR ပါ" လို့ မော်ရင်ဟိုက ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ မန်စီးတီးနောက်ခံလူဇင်ချန်ကိုက မိနစ် ၆၀ မှာ အနီကတ်ပြသခံခဲ့ရပါတယ်။ စတာလင်ကတော့ ပွဲကစားချိန် ၁၂ မိနစ်ကတည်းက အဝါကတ်ပြသခံခဲ့ရပြီးနောက် ဟန်ဆောင်လှဲချမှုပြုလုပ်ခဲ့ပြီး နှစ်ဝါတစ်နီနဲ့ မထုတ်ပယ်ခဲ့လို့လည်း မော်ရင်ဟိုက အကူဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့ပါသေးတယ်။ 

ပင်နယ်တီပေးခဲ့ရပြီးပေမယ့် လိုရစ်က ကာကွယ်နိုင်ခဲ့ပြီး သူ့ကစားသမားရဲ့ စွမ်းဆောင်မှုအတွက် မော်ရင်ဟိုက ပျော်ရွှင်ကျေနပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြန်အံထွက်လာတဲ့ဘောလုံးကို စတာလင်က ပိတ်သွင်းယူဖို့ ကြိုးစားရင်းလဲကျခဲ့ရာမှာ VAR ပြန်လည်ကြည့်ရှုပြီးနောက် ပင်နယ်တီမပေးခဲ့ပေမယ့် အဝါကတ်ထပ်မံပြသပြီး မထုတ်ပယ်ခဲ့တဲ့အပေါ် မော်ရင်ဟိုက ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ 

Share

က္က