မော်ရိုကိုနဲ့ စပိန်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ မော်ရိုကိုအသင်းက အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မော်ရိုကိုနဲ့ စပိန်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ မော်ရိုကိုအသင်းက အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်း စတင်တာနဲ့ စပိန်အသင်းက မိနစ်အနည်းငယ်လောက် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူခဲ့ပေမယ့်လည်း ပေးပို့မှု အများစုဟာ ကွင်းလယ်လောက်မှာ လည်နေပြီး မော်ရိုကလည်း ခံစစ်မှာ ပုံမပျက် စုဖွဲ့ထားခဲ့ပါတယ်။ ၁၂ မိနစ်မှာ ဟာကီမီ အန္တရာယ်ရှိတဲ့ ပင်နယ်တီဧရိယာထိပ်မှာ အလွတ်တည်ကန်ဘော ကန်ခွင့်ရရှိခဲ့ပေမယ့်လည်း ကန်ချက်က ဂိုးဘားတန်းပေါ်ကျော်သွားခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုယူပြီး စိတ်ရှည်ရှည်နဲ့ ထိုးဖောက်တဲ့ ကစားကွက်ကို အသုံးပြုနေခဲ့တာရှင်းလင်းနေခဲ့ပြီး မော်ရိုကိုအသင်းကလည်း ခပ်ကြမ်းကြမ်းဖိအားပေးပြီး ဘောလုံးပိုင်ဆိုင်မှုရတာနဲ့ မြန်နှုန်းနဲ့အတူ တိုက်စစ်ဆင်တဲ့ကစားကွက်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ၂၇ မိနစ်မှာ ယော်ဒီ အယ်လ်ဘာ ထိုးပေးလိုက်တဲ့ ဘောလုံးကို အဆန်စီယို မော်ရိုကို ဂိုးသမား ဘိုနူနဲ့ တစ်ဦးချင်းအနေအထား ကန်သွင်းခဲ့ပေမယ့်လည်း ထောင့်ကျဉ်းအနေအထားဖြစ်တာကြောင့် ဂိုးပိုက်ဘေးကိုသာ ထိမှန်သွားခဲ့တာဖြစ်ပါတယ်။


၃၃ မိနစ်မှာ စပိန်ဂိုးသမား ဆိုင်မွန် ပထမဆုံးအကြိမ် စမ်းသပ်ခြင်းခံခဲ့ရပြီး မက်ဇရာဝီက တောရက်စ်ကို ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးစေခဲ့ပြီးနောက် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အားပါပြင်းထန်တဲ့ကန်ချက်နဲ့ ကန်သွင်းခဲ့ရာမှာ စပိန်ဂိုးသမား ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ စပိန်အသင်း ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ၆၃ မိနစ်မှာ စပိန်နည်းပြ အန်နရီကေးက အဆန်စီယိုနဲ့ ဂါဗီတို့ရဲ့နေရာမှာ မိုရာတာနဲ့ ကားလို့စ် ဆိုလာတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။


၈၂ မိနစ်မှာ မိုရာတာက ဂိုးရှေ့ကို ပြေးလွှားသွားချိန်မှာ ဝီလီယံစ်က ပင်နယ်တီဧရိယာညာဘက်ကို ထိုးပေးခဲ့ရာမှာ မိုရာတာက ဆွဲပြေးပြီး ပြန်ချိုးပေးခဲ့ပေမယ့်လည်း ဂိုးရှေ့မှာ ပိတ်သွင်းယူဖို့ တစ်ယောက်မှ ရှိမနေခဲ့တာ ဖြစ်ပါတယ်။ စပိန်နဲ့ မော်ရိုကိုတို့ဟာ ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ရလဒ်မထွက်ပေါ်ခဲ့တဲ့အတွက် အချိန်ပို မိနစ် ၃၀အထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။


အချိန်ပို ပထမပိုင်း ပြီးဆုံးခါနီးမှာ မော်ရိုကိုအသင်းက အနိုင်ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးကောင်း ရရှိခဲ့ပြီး ချက်ဒီရာ စပိန်ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူခဲ့ရာမှာ ဆိုင်မွန်က ခြေထောက်နဲ့ ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ပို ဒုတိယပိုင်းမှာလည်း စပိန်နဲ့ မော်ရိုကိုတို့ဟာ အဆုံးအဖြတ်ဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး မော်ရိုကိုအသင်းက ပင်နယ်တီ စတင်ကန်သွင်းခွင့်ရရှိခဲ့ချိန်မှာ ဆာဘီရီက အမှားအယွင်းမရှိကန်သွင်းယူသွားခဲ့ပါတယ်။

စပိန်အသင်းအတွက် ပထမဆုံးပင်နယ်တီကို ပါဘလို ဆာရာဘီယာ ကန်သွင်းခဲ့ရာမှာ ညာဘက်ဂိုးတိုင်ထိပြီး လွဲချော်သွားခဲ့ပြီး မော်ရိုကိုအသင်းအတွက် ဒုတိယမြောက် ပင်နယ်တီကို ဟာကင်း ဇီယက်ရှ်က အမှားအယွင်း ထပ်မံကန်သွင်းယူနိုင်ခဲ့ပါတယ်။ စပိန်အသင်းအတွက် ဒုတိယမြောက် ပင်နယ်တီကို ကားလို့စ် ဆိုလာက ကန်သွင်းဖို့ တာဝန်ကျခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ကန်သွင်းချက်ကို ဘိုနူက နေရာယူ မှန်မှန်နဲ့ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။


မော်ရိုကိုအသင်းအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် တတိယမြောက် ပင်နယ်တီကို ဘန်နူက ကန်သွင်းခဲ့ရာမှာ စပိန်ဂိုးသမား ဆိုင်မွန်က နေရာယူမှန်မှန်နဲ့ ဒိုင်ဗင်ပစ် ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်အသင်းရဲ့ တတိယမြောက် ပင်နယ်တီကို အသင်းခေါင်းဆောင် ဆာဂီယို ဘူးစ်ကတ်က ကန်သွင်းခဲ့ရာမှာ မော်ရိုကို ဂိုးသမား ဘိုနူက နောက်ထပ်တစ်ကြိမ် နေရာယူမှန်မှန်နဲ့ ပုတ်ထုတ်ကာကွယ်သွားခဲ့ပြီး မော်ရိုကိုအသင်းအတွက် နောက်ဆုံးအဆုံးအဖြတ်ပင်နယ်တီကို ဟာကီမီက ဂိုးပေါက်အလယ်တည့်တည့်ကို ကန်သွင်းခဲ့ချိန်မှာ ဆိုင်မွန်က ညာဘက်ကို ဒိုင်ဗင်ပစ်မိခဲ့တာကြောင့် ဂိုးသွားခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် မော်ရိုကိုအသင်းဟာ စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၀ နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က