ဆဲလ်တာဗီဂိုနဲ့ သရေကျတဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် ဂီတာဖေးကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ မနေ့ညက ဂီတာဖေးအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဆဲလ်တာဗီဂိုနဲ့ ဂီတာဖေးတို့ရဲ့ လာလီဂါပွဲစဉ်မှာ ဂရင်းဝုဒ်က အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာပါ။



ဒီပွဲမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီး ဂီတာဖေးတို့ ၁-၂ ဂိုးနဲ့ ဦးဆောင်နိုင်မယ့် ဂိုးကို ဂရင်းဝုဒ်က အဆုံးသတ်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချေပဂိုးတစ်ဂိုးပြန်ပေးလိုက်ရပြီး သရေကျသွားခဲ့တာကြောင့် ဂရင်းဝုဒ်အတွက်တော့ အပြည့်အဝ မပျော်ရွှင်နိုင်ခဲ့ပါဘူး။
ဂရင်းဝုဒ်ဟာ ဂီတာဖေးကို ပြောင်းရွှေ့လာပြီးနောက် လာလီဂါပွဲစဉ်တွေမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်ခြင်းကို ဆက်တိုက်ခံခဲ့ရပါတယ်။ အဆိုပါ အင်္ဂလန်လူမျိုး ကစားသမားလေးက အတူနေချစ်သူကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် တစ်နှစ်ဝန်းကျင်အကြာ တရားရင်ဆိုင်ခဲ့ရပါတယ်။
လက်ရှိမှာ ဂရင်းဝုဒ်အနေနဲ့ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့ပါပြီ။​ ဒါပေမယ့်လည်း ယူနိုက်တက်မှာ ပြန်ကစားဖို့ကို ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုလိုမျိုးပဲ​ စပိန်မြေကို ပြောင်းရွှေ့သွားခဲ့ရတာပါ​။
ဂရင်းဝုဒ်ဟာ ဂီတာဖေးမှာ နည်းပြ အားကိုးရတဲ့ တိုက်စစ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပြီး တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုင်းကလည်း အရင်ပုံစံပြန်ရဖို့ မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဂိုးသွင်းယူနိုင်ခဲ့တာက ဂရင်းဝုဒ်အတွက် ယုံကြည်မှု ပိုရှိစေခဲ့ပြီး ဂီတာဖေးအတွက်လည်း ကျေနပ်စရာဖြစ်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က