အထူးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရတာပါ။

ယူရို-၂၀၂၄ ဖိုင်နယ်အဖြစ် စပိန်နဲ့ အင်္ဂလန်တို့ ကစားခဲ့တဲ့ ပွဲမတိုင်ခင် ဂျာမနီရဲတွေက အိုင်အက်စ်ထောက်ခံသူတွေအဖြစ် ယူဆရတဲ့ ပရိသတ်တွေကို ဖမ်းဆီးစစ်ဆေးခဲ့ရကြောင်း သိရှိရပါတယ်။ စပိန်နဲ့ အင်္ဂလန်ပွဲကို ဘာလင်ကွင်းကြီးထဲမှာ ကစားခဲ့ကြတာပါ။



ဒီပွဲမတိုင်ခင်မှာ ဂျာမနီရဲ့ အထူးတပ်ဖွဲ့ဝင်တွေက လူ (၃) ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဆိုပါပုဂ္ဂိုလ်တွေက အစွန်းရောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အိုင်အက်စ်ကို အားပေးထောက်ခံသူတွေလို့ ဆိုခဲ့ကြပါတယ်။

ဘာလင်ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကတော့ သူတို့တွေရဲ့ နေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြကြောင်းနဲ့ ဒီအတွက် အထူးတပ်ဖွဲ့ဝင်တွေကိုပဲ အသုံးပြုခဲ့ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ဒီရှာဖွေစစ်ဆေးမှုမှာ နောက်ထပ် လူ (၅) ယောက်ကိုလည်း ထပ်မံရှာဖွေခဲ့ရကြောင်း သိရှိရပါတယ်။

အခုချိန်မှာတော့ ဖမ်းဆီးခံရတဲ့ အဆိုပါ လူ (၃) ယောက်က ရဲတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးမှုကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ စပိန်နဲ့ အင်္ဂလန်တို့ရဲ့ ယူရိုဖိုင်နယ်မှာလည်း ပြဿနာ ကြီးကြီးမားမား မဖြစ်ခဲ့ဘဲ စပိန်က အင်္ဂလန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က