ဂရစ်ဇ်မန်းကို အရန်ခုံထိုင်ခိုင်းဖို့ ပြင်ဆင်နေတာပါ။

ပြင်သစ်နည်းပြ ဒက်ချမ့်စ်ဟာ စပိန်နဲ့ ကစားမယ့် ယူရို ဆီမီးဖိုင်နယ်အတွက် ဂရစ်ဇ်မန်းကို ပွဲထွက် ကစားသမားစာရင်းကနေ ချန်လှပ်သွားဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။ ပြင်သစ်နဲ့ စပိန်တို့ဟာ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ကြရမှာပါ။



စပိန်က အုပ်စုအဆင့်ကနေ ယူရိုအထိ ရှုံးပွဲ လုံးဝမရှိခဲ့ဘဲ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်မှာလည်း အိမ်ရှင်ဂျာမနီကို အချိန်ပိုမှာ နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ ပြင်သစ်ကလည်း လက်ရှိ ယူရိုမှာ ကစားကွက်ကတစ်ဆင့် ဂိုးသွင်းယူထားတာမျိုး မရှိသေးပါဘူး။

ဒါပေမယ့်လည်း Own Goal တွေ၊ ပင်နယ်တီတွေနဲ့ ဒီအဆင့်ကို ရောက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်မှာလည်း ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာပါ။ စပိန်နဲ့ ပြင်သစ် ထိပ်တိုက်တွေ့ချိန်မှာ စပိန်က ပိုမိုရေပန်းစားနေတာလည်း သံသယဖြစ်စရာ မရှိပါဘူး။

ပြင်သစ်နည်းပြ ဒက်ချမ့်စ်ကတော့ ဒီပွဲမှာ စပိန်ရဲ့ တိုက်စစ်ကို ပိုမိုထိန်းချုုပ်နိုင်ဖို့အတွက် ဂရစ်ဇ်မန်းအစား နောက်ထပ် ကွင်းလယ်လူကို ထပ်မံ ထည့်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာပါတယ်။ စပိန်ဟာ တိုက်စစ်မှာ နီကိုဝီလီယံစ်၊ ရာမဲလ်တို့နဲ့ တောက်ပနေတာပါ။

စပိန်ဘက်ကမှာ အဓိက ကွင်းလယ်လူ ပီဒရီ ဒဏ်ရာရသွားပေမယ့် ဒန်နီအိုလ်မိုက အကောင်းဆုံး ခြေစွမ်းပြနေတာကြောင့်လည်း ပြင်သစ်အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဂရစ်ဇ်မန်းဟာ စပိန်ဘောလုံးလောကမှာ ကျင်လည်ပြီး စပိန်ကစားသမားတွေအကြောင်း ကောင်းကောင်းသိနေသည့်တိုင် ဒက်ချမ့်စ်ကတော့ ချန်လှပ်ဖို့ ပြင်ဆင်နေတာပါ။

Share

Loading Next Article...
က္က