စပိန်လာလီဂါ ဥက္ကဌ ဟာဗီယာတီဘက်စ်က စပိန်အမျိုးသမီးလက်ရွေးစင်နည်းပြဟောင်း ရူဘီရာလက်စ် ဟာမိုဆိုကို နမ်းခဲ့တဲ့ဖြစ်ရပ်က ၉/၁၁ ဖြစ်ရပ်ထက်တောင် ပိုမိုရေပန်းစားသွားခဲ့တယ်လို့ သိရှိရပါတယ်။ အခုချိန်မှာတော့ ရူဘီရာလက်စ်ကလည်း သူ့ရဲ့အပြုအမူကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ဆုပေးပွဲ စင်မြင့်ထက်မှာ ရူဘီရာလက်စ်က ဟာမိုဆိုကို နှုတ်ခမ်းချင်း တေ့နမ်းခဲ့တာပါ။ ဒီဖြစ်ရပ်အတွက် ဝေဖန်မှုတွေ များစွာထွက်ပေါ်ခဲ့သလို ဟာမိုဆိုကလည်း သက်သောင့်သက်သာမဖြစ်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ရူဘီရာလက်စ်က ရာထူးကနေ နှုတ်ထွက်လိုက်ရပြီး ဒီအဖြစ်က ၉/၁၁ ရဲ့ (၂၂) နှစ်ပြည့်ကာလရဲ့ ဖြစ်ရပ်ထက်တောင် ပိုမိုရေပန်းစားသွားခဲ့ပါတယ်။ လာလီဂါဥက္ကဌ တီဘက်စ်က “ကျွန်တော် ဘာမှမပြောလိုပါဘူး။ ဘာလို့လဲဆိုတော့ ရူဘီရာလက်စ်ရဲ့ နှစ်နာရီကြာ အင်တာဗျူးကို နားထောင်ချင်သေးလို့ပါ”
“သူ့ရဲ့ ထုတ်ပြန်ချက်ကို ကျွန်တော် စောင့်မှာဖြစ်ပြီး သူ့ရဲ့ စီမံခန့်ခွဲမှု ပုံစံနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှပေးမှာ မဟုတ်ပါဘူး။ စပိန်ဘောလုံးလောကအပေါ် ကျရောက်လာတဲ့ ဂုဏ်သိက္ခ္ခပိုင်းအရ အကြီးအကျယ်ထိခိုက်တာပါပဲ။ ဒါမျိုးက ကျွန်တော်တို့အတွက် အများကြီး ပေးဆပ်နေရမယ့်ပုံစံပါ”
“ဒါက သမိုင်းတစ်လျှောက်မှာ ရေပန်းအစားဆုံး ဆိုရှယ်မီဒီယာသတင်းခုဖြစ်ခဲ့ပြီး ၉/၁၁ ဖြစ်ရပ်ထက်တောင် လူပိုစိတ်ဝင်စားခဲ့ကြပါတယ်။ ဒါက စပိန်ဘောလုံးလောကရဲ့ ပုံရိပ်ကို ထိပါးစေခဲ့ပြီး ကျွန်တော်တို့အတွက် ပေးဆပ်မှု ပိုမိုကြီးမားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရူဘီရာလက်စ်ဟာ အရင်ကလည်း မိန်းကလေးတွေကို အခုလိုမျိုး လိင်ပိုင်းဆိုင်ရာ မလျော်ကန်မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။