အီဂါလိုကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ်အသင်းအချို့ရှိနေခဲ့ပါတယ်။

နိုင်ဂျီးယားတိုက်စစ်မှူးအီဂါလိုအနေနဲ့ ပြီးခဲ့တဲ့ ရာသီဝက်အပြောင်းအရွှေ့အတွင်း တရုတ်ကလပ်အသင်းကနေ အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားထားနိုင်သူလည်းဖြ စ် ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးအီဂါလိုက အချိန်တိုအတွင်းခြေစွမ်းပြကစားနိုင်ခြင်းက စပိန်ဘာသာစကားကြောင့်ဖြစ် ကြောင်းနဲ့ မာတာ၊ ဒီဂီယာ၊ ရိုမီယိုတို့ကြောင့်လည်း အလျင်အမြန်အထိုင်ကျခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြော ဆိုခဲ့မှုကို meto.co.uk ရဲ့ဖော်ပြချက်အရ သိရပါတယ်။

တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ၆လအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် ကိုရိုနာဗိုင်း ရပ်စ်အန္တရာယ်ကြောင့် အသင်းနဲ့အချိန်မီပူးပေါင်းနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း ကစားခွင့်ရတဲ့အချိန်အတွင်းခြေစွမ်း ပြကစားနိုင်ခဲ့တဲ့အတွက် အီဂါလိုကို အပြီးသတ်ခေါ်ယူပေးဖို့အတွက် ပရိသတ်အချို့ကတောင်းဆိုမှုတွေရှိနေခဲ့ပါ တယ်။



“ ယူနိုက်တက်ကို ရောက်ခါစမှ တကယ်ကိုမိတ်ဆွေကောင်းတွေနဲ့ တွေ့ခဲ့ရတယ်။ အဝတ်အစားလဲခန်းအတွင်း မှာလည်း တကယ်ကို ခင်မင်ရတဲ့သူတွေဖြစ်ခဲ့တယ်။ မာတာ၊ ဒီဂီယာ၊ ရိုမီရိုတို့နဲ့ စကားပြောရတာပိုအဆင်ပြေ တယ်။ စပိန်စကားပြောတဲ့သူအတွက် စပိန်တွေနဲ့အဆင်ပြေတာလို့ပဲပြောရမှာပါ။ ဒါပေမဲ့ အသင်းမှာအလျင်အ မြန်အထိုင်ကျခဲ့တာကတော့ ဒီလိုစီနီယာကစားသမားတွေရဲ့ အကူအညီကြောင့်လို့ပြောလို့ရပါတယ်။ အရင်က တော့ ပြိုင်ဘက်တွေ အခုတော့ အသင်းဖော်တွေပေါ့” လို့ အီဂါလိုက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

နည်းပြဆိုးလ်ရှားအနေနဲ့ ဒဏ်ရာရနေတဲ့ အဓိကတိုက်စစ်မှူးရက်ချ်ဖို့ဒ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရည်ရွယ် ခေါ်ယူခဲ့ပေမယ့် ခြေစွမ်းပြနိုင်မှုများကြောင့် ရာသီကုန်မှာ အီဂါလိုကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက်အသင်းတာ ဝန်ရှိသူတွေထံတောင်းဆိုထားခဲ့ရပြီလည်းဖြစ်ပါတယ်။

ရှန်ဟိုင်းရှင်ဟွာအသင်းဘက်ကတော့ အီဂါလိုကို လက်မလွှတ်ရဖို့အတွက် ကမ်းလှမ်းမှုအချို့ကိုငြင်းဆန်ခဲ့ပေမ ယ့် ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၈ပွဲမှာ ၄ဂိုးသွင်းယူပေးထားခဲ့တဲ့ ကစားသမားအတွက် ပေါင် ၁၅သန်းဝန်းကျင် သတ်မှတ်ပေးခဲ့ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်ရန် သေချာတဲ့အခြေအနေတစ်ရပ်မှာရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က