အဲရစ်ဆင်ကတော့ လက်ရှိမှာ နိုင်ငံက ပထမဦးစားပေးဖြစ်ပြီး ကလပ်ကိစ္စတွေကိုတော့ ခေါင်းထဲ မထည့်ထား သေးပဲ နောက်မှပဲ စဉ်းစားမယ်လို့ ပြောခဲ့ပါတယ်။
စပါးအသင်း ကွင်းလယ်လူ အဲရစ်ဆင်ကတော့ အနာဂတ်ကို ဘောလုံးမန်နေဂျာတစ်ယောက်လို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေတဲ့အကြောင်း မီဒီယာကို ထုတ်ဖော်ပြောခဲ့တာကို BBC SPORT သတင်းဌာနက ဖော်ပြ လာခဲ့ပါတယ်။
လက်ရှိ စပါးအသင်းမှာ ကစားနေပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့လို့ ရာသီအ ကုန်မှာ အလွတ် ထွက်ခွာခွင့်ရှိနေသူပါ။
ဒါကြောင့်လည်း ဒိန်းမတ်လက်ရွေးစင်ကို မန်ချက်စတာ ယူနိုက်တက်၊ရီးရဲမက်ဒရစ်အသင်းတို့က ချိတ်ဆက်မှု တွေ ပြုလုပ်နေကြပါတယ်။
အဲရစ်ဆင်ကတော့ ပြီးခဲ့တဲ့ ဇွန်လကတည်းက - “ ဘဝမှာ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ချင်ပါတယ်၊ မန်နေဂျာ တစ်ယောက်လို ဆုံးဖြတ်ချက် ချနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ မလုပ်နိုင်ခဲ့ပါဘူး။” လို့ မီဒီယာ ကို ပြောခဲ့တာပါ။
အဲရစ်ဆင်ကတော့ လက်ရှိမှာ စပိန်တောင်ပိုင်းမှာ ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေအဖြစ် ဂျီဘရော့တာ၊ဂျော်ဂျီယာအသင်းတို့နဲ့ကစားရပါမယ်။
လက်ရှိအချိန်မှာ ကလပ်အသင်းက ပထမဦးစားပေးဖြစ်ပြီး ကလပ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုတော့ စပါးအသင်းနဲ့ ပဲလေ့စ်အသင်းတို့ မကစားခင် ပြန်လည်ပူးပေါင်းသွားမယ်လို့လည်း ဆိုခဲ့ပါသေးတယ်။
“ကျွန်တော့်ခေါင်းကို ရှင်းဖို့ ခက်နေပါတယ်၊ နှစ်တိုင်း သတင်းတွေ ထွက်နေပေမယ့်လည်း နှစ်တိုင်း ကျွန်တော် ဒီမှာပဲ ရှိနေပါတယ်။ လူတော်တော်များများက ကျွန်တော် ဘယ်မှာသွားကစားမလဲဆိုတာ စိတ်ဝင်စားနေကြပါ တယ်။” လို့ အဲရစ်ဆင်က ပြောခဲ့တာပါ။
အဲရစ်ဆင်ကတော့ ၂၀၁၃ ခုနှစ်က အေဂျက်အသင်းထံကနေစပါးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ လိဂ်ပွဲ ၂၁၀ ကစားထားပါတယ်။