ယူနိုက်တက်အနေနဲ့ လာမယ့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ရင်ဆိုင်ရဖို့ရှိနေခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ ရာသီဝက်ကာလအဖြစ် စပိန်နိုင်ငံမှာ လေ့ကျင့်မှုတွေပြုလုပ်နေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စပိန်နိုင်ငံမှာလေ့ကျင့်မှုတွေပြုလုပ်ဖို့ ကြိုတင်ငှားရမ်းထားတဲ့ ဟိုတ ယ်တွင် တရုတ်စူပါလိဂ်ကလပ် ဒါလီယန်အသင်းတည်းခိုသွားခဲ့တဲ့အတွက် အရေးပေါ်ဟိုတယ်ပြောင်းရွှေ့ခဲ့ရ တယ်လို့ dailymail ရဲကဖော်ပြချက်အရ သိရပါတယ်။

လေ့ကျင့်ခြေစမ်းခရီးစဉ်အတွက် ကြိုတင်ငှားရမ်းထားတဲ့ မာဘယ်လ်လာဟိုတယ်မှာနယူးကာဆယ်နည်းပြဟော င်းဘင်နီတက်ဇ်တာဝန်ယူကိုင်တွယ်နေတဲ့ ဒါလီယန်အသင်းတည်းခိုခဲ့တဲ့အတွက် ကျန်းမာရေးအခြေအနေအရ ဟိုတယ်ပြောင်းရွှေ့ရန် ယူနိုက်တက်နည်းပြဆိုးလ်ရှားက စီစဉ်ခဲ့တာပါ။



ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားရာနေရာဒေသမှ လာရောက်နေထိုင်သူတွေရဲ့နေရာတွေကို အနည်းဆုံး ၁၄ရက် ကြာစောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ရတဲ့အတွက် ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ အရေးပေါ်အခြေအနေအရ ကြိုတင်စီစဉ်ထားတဲ့ မာဘယ်လ်လာဟိုတယ်ကနေ Westin La Quinta ဟိုတယ်ကို ရွှေ့ပြောင်းခဲ့ရတယ်လို့ လည်း သိရပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကို သတိထားဆောင်ရွက်မှုများပြုလုပ်နေခဲ့ ပြီး တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အငှားစာချုပ်နဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးအီဂါလိုကို လည်း သတ်မှတ်ရက်ပြည့်မြောက်တဲ့အထိ အသင်းနဲ့အတူ လေ့ကျင့်ခန်းမပြုလုပ်ခိုင်းခဲ့ဘဲ သီးသန့်လေ့ကျင့်မှု များကိုသာ ပြုလုပ်စေထားခဲ့တာပါ။

ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သံသယရှိဖွယ်လူနာအချို့ရှိနေခဲ့ခြင်းကြောင့် ယူ နိုက်တက်နည်းပြဆိုးလ်ရှားအပါအဝင် အသင်းတာဝန်ရှိသူတွေအနေနဲ့ ခြေစမ်းခရီးစဉ်အတွင်းအလေးထားဆော င်ရွှက်မှုများပြုလုပ်နေခဲ့တာဖြစ်တယ်လို့လည်း thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

Share

က္က