နေမာအနေနနဲ့ ဘာစီလိုနာကို ပြန်လာမယ့်အကြောင်း ဘာစီလိုနာ ကစားဖော်တွေကိုပြောခဲ့တယ်လို့ စပိန် အခြေစိုက် Sport သတင်းဌာနက ဖော်ပြလာတာပါ။
ပီအက်စ်ဂျီအသင်းမှာ မပျော်တော့ပဲ အသင်းပြောင်းတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နေမာကို အသင်းဟောင်း ဘာစီလိုနာ ပြန်ရောက်မယ်လို့သတင်းတွေက ဖော်ပြနေခဲ့တာပါ။
လက်ရှိမှာတော့ စပိန်နိုင်ငံ ကာတာလိုးနီးယားပြည်နယ် အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Sport သတင်းဌာနက နေမာအနေနဲ့ သူ ဘာစီလိုနာ ပြန်လာမယ့် အကြောင်း ဘာစီလိုနာကစားဖော်တွေကို ပြောခဲ့ တယ်လို့ ထုတ်ဖော်လာခဲ့ပါတယ်။
Sport ရဲ့ ဖော်ပြချက်မှာတော့ နေမာက “စိတ်မပူကြပါနဲ့ ငါပြန်လာပြီ” လို့ ရေးသားပြောဆိုခဲ့တာလို့ ဖော်ပြလာ ခဲ့တာပါ။
လက်ရှိမှာ နေမာကို ဘာစီလိုနာအပြင် စပိန် အဓိက ပြိုင်ဖက် ရီးရဲ မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင် စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
နေမာကတော့ ဘာစီလိုနာကနေ ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီအသင်းကို ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့သွားတာ ဖြစ်ပြီး ၂ နှစ်အကြာမှာ အသင်းပြောင်းဖို့ ဖြစ်လာခဲ့တာပါ။