သာယာနေရောပဲ။

ရွှေမှုံရတီက လက်ရှိမှာ ချစ်ခင်ပွန်းနဲ့အတူ ဘာလီမှာ အပန်းဖြေခရီးထွက်နေပါတယ်။

Photo : ရွှေမှုံရတီ



သရုပ်ဆောင် ရွှေမှုံရတီက ချစ်ခင်ပွန်းလေးနဲ့အတူ ဘာလီကျွန်းကို အပန်းဖြေခရီးထွက်နေတယ်လို့ သိရပါတယ်။ ခရီးမထွက်ခင်မှာလည်း လိုအပ်တဲ့ ပစ္စည်းတွေကို ရွှေထူးကိုယ်တိုင် လိုက်ဝယ်ပေးခဲ့တာလို့ ရွှေမှုံက ဆိုပါတယ်။

“ဒီနေ့တစ်နေ့လုံး Shopping ထွက်နေတယ်။ သူ့မိန်းမနေမကောင်းလို့တဲ့ ပျော်အောင် အကျႌတွေ လိုက်ဝယ်ပေးတာ” ဆိုပြီး ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာ Story မှာ ဖေဖော်ဝါရီ(၆) ရက်နေ့က တင်ထားတာပါ။

Photo : ရွှေမှုံရတီ

သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အားလုံး အားကျရတဲ့ အိမ်ထောင်ရေးလေး ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုခြင်းတွေကိုလည်း ခံရပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။

Photo : ရွှေမှုံရတီ

ရွှေမှုံအတွက် ရွှေထူးဟာ အဖေနဲ့တူတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်သလို ရွှေမှုံကလည်း ရွှေထူးအတွက် အမေနဲ့တူတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Photo : ရွှေမှုံရတီ

၂၀၁၈ခုနှစ်၊ နိုဝင်ဘာ(၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က