ဘက်ထရီအား ၈ ရက်အထိ ခံမယ်လို့ ကြေညာထားပါတယ်

တန်ဖိုးနည်းစမတ်နာရီ စိတ်ဝင်စားသူတွေအတွက် Tagg ကနေ မြန်မာငွေ ၉ သောင်းခွဲကျော်တန် နာရီသစ်တစ်လုံး ဖြန့်ချိလိုက်ပါတယ်။ 

Verve Active နာရီကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်တာ ဖြစ်ပြီး Apple Watch နာရီတွေလိုမျိုး လေးထောင့်နာရီအိုးနဲ့လာပါတယ်။ ၁.၇ လက်မ IPS LCD Screen နဲ့လာပြီး Screen နဲ့ ကိုယ်ထည်အချိုး ၈၀% ရှိပါတယ်။ တောက်ပမှုပိုင်းမှာ အမြင့်ဆုံး 500nits အထိ ပါရှိပြီး Watch Face ဒီဇိုင်းတွေလည်း အမျိုးမျိုးစိတ်ကြိုက်ပြောင်းနိုင်မယ်လို့ ဆိုပါတယ်။ 



Photo: Gizmochina


ဘေးမှာ navigation button တစ်ခု ပါရှိပြီး အလေးချိန် ၃၈ ဂရမ် ၊ IP68 ရေစို/ဖုန်တင်မှုဒဏ်ခံနိုင်ရည် ရှိမယ့် နာရီပါ။ တန်ဖိုးကြီး စမတ်နာရီတွေလိုပဲ သွေးတွင်းအောက်ဆီဂျင်တိုင်းစနစ် ၊ နှလုံးခုန်တိုင်း Sensor ၊ ကိုယ်အပူချိန်ခြေရာခံ တိုင်းတာစနစ် နဲ့ သွေးဖိအားပြစနစ်တွေလည်း ထည့်သွင်းထားပါတယ်။ Verve Active ဟာ အိပ်စက်မှုကို Deep Sleep လား ၊ Light Sleep ဖြစ်နေလားဆိုတာပါ ခြေရာခံနိုင်မယ်လို့ ဆိုပါတယ်။ 

Fitness ပိုင်းမှာ မတူညီတဲ့ Sports Mode ၂၄ မျိုးအထိ ပါဝင်ပါတယ်။ Sports Mode တွေထဲမှာ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း ၊ တောင်တက်ခြင်း ၊ ယောဂ ၊ ဘက်စကတ်ဘော ၊ စက်ဘီးစီးခြင်း ၊ ဘောလုံး ၊ ကြက်တောင်ရိုက် ၊ ရေကူးစတဲ့ အသုံးများတဲ့ အားကစားလုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ Verve Active ဟာ တစ်ခါအားအပြည့်သွင်းထားချိန် ၈ ရက်အထိ အားခံတဲ့ ဘက်ထရီပါရှိတယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။

အနက် ၊ အစိမ်း ၊ ရွှေ ၊ မီးခိုးနဲ့ ခရမ်းရောင် ကာလာတွေနဲ့လာပြီး ရူပီး ၄၀၀၀ (မြန်မာငွေ ၉ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က