အက်စတာ၊ ဘန်ဂျမင် နဲ့ ယောကီးတို့က အရေးပေါ် လူနာတင်ယာဉ်လှူဒါန်းခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာဖြစ်ပေါ်နေတဲ့ စစ်ဘေးဒဏ်ခံစားနေရသူတွေအတွက် အက်စတာ၊ ဘန်ဂျမင် နဲ့ ယောကီးတို့က အရေးပေါ် လူနာတင်ယာဉ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Esther



ချင်းလူမျိုးအဆိုတော်တွေ ဖြစ်ကြတဲ့ အက်စတာဒေါ့ချင်းဆုန်၊ ဘန်ဂျမင်ဆွန် နဲ့ ယောကီး တို့ အနုပညာမောင်နှမတွေကတော့ ချင်းပြည်နယ် ပလက်ဝမှာရှိတဲ့ စစ်ဘေးသင့် ကျေးရွာတွေက လူနာတွေအတွက် ဆေးရုံကား တစ်စီးကို စုပေါင်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

" မောင်နှမသုံးယောက်စလုံး ခံစားရတဲ့ကျေးဇူးတော်။ ချစ်ပြီးအားပေးကြတဲ့အမျိုးတို့ရဲ့လှူဒန်းမှု ချစ်ခင်အားပေးမှုကြောင့် လူနာတင်ကားလေးတော့အောင်မြင်စွာလှူနိုင်ပါပြီ။ နောက်ထပ်ရရှိတဲ့အလှူငွေတွေအားလုံးနဲ့ အဝတ်အစားအချို့ ထပ်လှူပါမယ်။ ဒါကတော့ သမီးနဲ့ White Nubes တို့Covid ပြီးရင်လှုပ်ရှားပြီးတော့ထပ်လှူမှာဖြစ်ပါတယ် " ဆိုပြီးတော့ မေလ(၂၄) ရက်နေ့ ညက သူ့ရဲ့ Offical Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Esther

အက်စတာ၊ ဘန်ဂျမင် နဲ့ ယောကီး တို့ဟာ Myanmar idol (Season-4) ကနေ တဆင့် ပရိသတ်အားပေး ချစ်ခင်လာကြတဲ့ အဆိုတော်တွေ ဖြစ်ပါတယ်။လက်ရှိ ချင်းပြည်နယ်၊ ပလက်ဝ မြို့မှာ ဖြစ်ပေါ်နေတဲ့ စစ်ဘေးကြောင့် ထိခိုက်နာကျင်နေရတဲ့ တိုင်းရင်းသားတွေအတွက် အက်စတာဟာ စိတ်မကောင်းဖြစ်လို့နေပါတယ်။ အရေးပေါ် လူနာတင်ယာဉ် လိုအပ်နေတဲ့ အကြောင်းကိုလည်း မေလ(၁၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ အက်စတာနဲ့ အတူ ဘန်ဂျမင် နဲ့ ယောကီး တို့ စုပေါင်း လှူဒါန်းထားတဲ့ လူနာတင်ယာဉ်အပြင် နောက်ထပ် လိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။  

Photo: Esther

အက်စတာကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ နောက်ထပ် အလှူအတန်းတွေ ဆက်လုပ်သွားဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ အလှူငွေ ကောက်ခံတာနဲ့ ပတ်သက်ပြီး သူမအပေါ် အထင်လွဲမှားမှုမျိုး မဖြစ်စေချင်ဘူးလို့လည်း သူက ပြောပါတယ်။ 

"အလှူငွေများသည် သမီးကိုင်တာမဟုတ်ပါ။ သမီးရဲ့ White Nubes ထဲက အမယဉ်မင်းမြတ် မေမေ စိမ်းလဲ့စိုး နဲ့ မသင်းနုဆွေ ပြီးတော့ Sung Sung Army တွေစုပြီးတော့ Management လုပ်နေတာပါ။ရ ထားသော အလှူငွေများသည် လှူဖို့အတွက်သာဖြစ်သည်။ တချို့တချို့သောသူတွေ အလှူငွေတွေချူစားတယ်လို့ထင်တဲ့သူများဆီကိုပြောချင်ပါတယ်။ အခုလိုမျိုးလှူတယ်ဆိုတာတကယ်စိတ်ရင်းနဲ့မှန်ကန်တဲ့စေတနာမေတ္တာတရားရှိလို့သာလှူတာဖြစ်ပါတယ်။ အများကြီးပြောစရာမလိုပါဘူး။ စေတနာပါပါနဲ့လှူတဲ့သူတွေသိပါတယ်။ သူများကောင်းတာလုပ်နေတာကိုလက်ခုတ်မတီးနိုင်ရင်နေပါ မကဲ့ရဲ့ပါနဲ့ငရဲကြီးပါတယ်။ ပြီးတော့ မဟုတ်ကဟုတ်က ရေးတဲ့ Media တွေရဲ့သတင်းအမှားကြီးကိုလည်း မယုံစေချင်ပါဘူး။အလှူကိစ္စနဲ့ပတ်သတ်တဲ့ update တွေအားလုံးသမီးရဲ့ Page မှာတင်ပါတယ် ။အားလုံးကိုကျေးဇူးတင်လျက်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Esther

အက်စတာဒေါ့သ်ချင်းဆုန် ကတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ Vote No.07778 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ အခုဆိုရင်တော့ Myanmar idol ရဲ့ ပထမဆုံး winner ဆုရှင် မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ Myanmar idol(Seasom-4) ယှဉ်ပြိုင်နေတဲ့ ပွဲစဉ်တစ်လျှောက်လုံးမှာလည်း သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများကြီးရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က