ပြန်လည်သက်သာခါစဖြစ်နေခဲ့ပါပြီ။

ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘာလာအနေနဲ့ ရောဂါကူးစက်ခံထားရပြီးနောက်ပိုင်း အချိန်မီကုသနိုင်မှုများကြောင့် အနည်းငယ်သက်သာလာခဲ့ပြီလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းကြောင့် သီးသန့်အနားယူနေရတဲ့ ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘာလာအနေနဲ့ ပြန်လည်သက်သာလာစပြုပြီးဖြစ်သော်လည်း စစ်ဆေးကုသမှုတွေဆက်လက်ခံယူရဦးမှာဖြစ်ကြောင်း ကစားသ မားရဲ့ အတူနေချစ်သူရဲ့ အတည်ပြုချက်ကို footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။



အီတလီနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို အဆိုးရွားဆုံးခံခဲ့ရပြီး မူလစတင်ခဲ့ရာတရုတ်နိုင်ငံထက်အရေ အတွက် ပိုများခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့မှာတော့ အခြေအနေအချို့ကို ထိန်းချုပ်နိုင်ခဲ့သလို သေဆုံး မှုအရေအတွက်ကိုလည်း ပြန်လည်လျှော့ချနိုင်ခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



“ လက်ရှိမှာတော့ သက်သာလာပြီလို့ပဲပြောရမှာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ရက်လောက်ကတော့နည်းနည်းတော့နာ ကျင်ခံစားခဲ့ရသေးတယ်။ ဆေးအဖွဲ့ကတော့ လာမယ့်ရက်ပိုင်းအတွင်း ထပ်ပြီးစစ်ဆေးကုသမှုတွေခံယူရမယ်လို့ အသိပေးထားတယ်။ အခြေအနေအဆိုးကြီးမဟုတ်သလို ပုံမှန်အတိုင်းနေထိုင်နေရသလိုပါပဲ” လို့ ဒိုင်ဘာလာရဲ့ အတူနေချစ်သူက အတည်ပြုပြောဆိုခဲ့တာပါ။

ဂျူဗင်တပ်အသင်းနဲ့နီးစပ်တဲ့သတင်းများအရ ဒိုင်ဘာလာကို လာမယ့် မတ် ၃၁ရက်နေ့မှာ စစ်ဆေးမှုအချို့ပြုလု ပ်ဖို့ရှိနေပြီး ရောဂါပိုးပျောက်ကင်းပြီးဆိုပါက မွေးရပ်မြေအာဂျင်တီးနားကို ပြန်ခွင့်ပြုပေးဖို့ရှိနေတယ်လို့လည်းသိ ရပါတယ်။

ဒိုင်ဘာလာကို တူရင်မြို့ရှိနေအိမ်မှာပဲ ကုသမှုတွေပြုလုပ်နေတာဖြစ်ပြီး ကစားသမားဖြစ်သူကို သီးသန့်စောင့် ကြည့်ရေးအခန်းနဲ့အတူ စစ်ဆေးကုသမှုများပြုလုပ်ပေးနေတာဖြစ်သလို အခြေအနေနဲ့ပတ်သက်တဲ့သတင်းတို င်းကို အတူနေချစ်သူအိုရီယာနာက အီတလီမီဒီယာတွေအပါအဝင် သက်ဆိုင်သူအားလုံးကိုတဆင့်မျှဝေပေးနေ တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က