ကျန်းမာရေးအဖွဲ့ရဲ့ ဝန်ထမ်းအင်အားလိုအပ်ချက်အရ အဆိုပါ ၄ရပ်ကွက်ကိုမူလက ချန်လှပ်ခဲ့ရတာပါ။

မြို့နယ်အလိုက်ကျန်းမာရေးစစ်ဆေးမှုတွေကို အင်းစိန်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ လုပ်ခဲ့ပြီးဖြစ်ပါတယ်။ 

ဒီနေ့ မေ ၁၇ရက်နေ့မနက်ပိုင်းမှာ တာမွေမြို့နယ်မှာရှိတဲ့ ရပ်ကွက် ၁၆ရပ်ကွက်က လူတစ်သိန်းကျော်ကို ကျန်းမာ ရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။



တာမွေမှာ စုစုပေါင်း ရပ်ကွက် ၂၀ရှိပြီး ကျန်းမာရေးဝန်ထမ်းအင်အားလိုအပ်ချက်အရ လူတစ်သိန်းဝန်းကျင်သာ ဆေးစစ်နိုင်တဲ့အတွက် ၁၆ရပ်ကွက်ကိုသာ ရွေးချယ်ခဲ့ရပြီး ရောဂါပိုး အတည်ပြုလူနာမရှိတဲ့ ရပ်ကွက် ၄ရပ်ကွက် ကိုချန်လှပ်ခဲ့ရတယ်လို့ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက Duwun ကိုပြောပါတယ်။

“တာမွေမှာ ရပ်ကွက် ၂၀ရှိတာ ၁၆ရပ်ကွက်ကိုစစ်ပြီး ၄ရပ်ကွက်ကိုမစစ်နိုင်တော့ စိတ်မကောင်းပါဘူး။ကျန်ခဲ့ရတဲ့ အကြောင်းကလည်း စစ်ဆေးတဲ့အဖွဲ့က တစ်သိန်းကျော်ပဲ စစ်နိုင်တဲ့အတွက် ချန်ခဲ့ရတာပါ။ဒါနဲ့အခု ၁၆ရပ်ကွက် ကိုစစ်ဆေးအပြီးမှာ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေအားလုံးအပြန်ပြန်အလှန်လှန်သုံးသပ်ဆွေးနွေးခဲ့ပါတယ်။အဲ့ဒီ မှာ ကျွန်တော်က ရပ်ကွက်အနေထားကိုတင်ပြလိုက်တဲ့အခါမှာ ဒီနေ့မှာပဲ ကျန်တဲ့ရပ်ကွက်ကိုပါစစ်ပေးမယ်လို့ သိရပါတယ်။ဒါက တာမွေမြို့နယ်ရဲ့ အမြတ်ပါ။”လို့ ဦးလှသိန်းက ပြောပါတယ်။

တာမွေမှာကျန်းမာရေးစစ်ဆေးဖို့ ကျန်ခဲ့တဲ့ ရပ်ကွက် ၄ရပ်ကွက်ကတော့ အောင်မင်္ဂလာ၊ကျောက်မြောင်းကြီး၊ ကျောက်မြောင်းအထက်နဲ့ကျောက်မြောင်းအရှေ့ရပ်ကွက်တို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆေးစစ်ဖို့စီစဉ်ထားတဲ့ရပ်ကွက်စာရင်းမှာမပါတဲ့ ၄ရပ်ကွက်ကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ တာမွေမြို့နယ်တာဝန်ရှိသူတွေဆွေးနွေးပြီး ဒီနေ့ညနေပိုင်းမှာ ဆက်လက်စစ်ဆေးပေးဖို့ သဘောတူညီမှုရခဲ့ပါတယ်။ 

ကျန်းမာရေးစစ်ဆေးမှုကိုတော့ မိုလ်ဘိုင်းကားနဲ့ စစ်ဆေးပေးတာဖြစ်ပြီး ဖျားနာဝေဒနာရှိသူ၊COVID-19ရောဂါ သံသယရှိသူတွေကိုတော့ စောင့်ကြည့်နေရာတွေကို ပို့ဆောင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က