ကွင်းလယ်ကစားသမားနဲ့ ခံစစ်ကစားသမားတွေ ခေါ်ယူသွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဝမ်ဘစ်စ်ကာကို အပြီးသတ်ခေါ်ယူမှုအပြီးမှာ နောက်ထပ် ကစားသမား ၂ ဦးကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ု Express ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့က ဘစ်စ်ကာနဲ့ ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ယနေ့မှာ ပေါင်သန်း ၅၀ တန် အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ကြေညာသွားဖွယ်ရှိတယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။

ခရစ်စတယ်ပဲလေ့စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘစ်စ်ကာအတွက် ကနဦး ပြောင်းရွှေ့ကြေးယူရို ၄၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ယနေ့မှာ ယူနိုက်တက်ဝတ်စုံနဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

BBC Sport ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီမစတင်မီမှာ နောက်ထပ်အဓိကကစားသမား ၂ ဦးကို ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း ထပ်မံကြိုးပမ်းမယ့် အဓိကကစားသမား ခေါ်ယူမှုမှာ နယူးကာဆယ်ကြယ်ပွင့် ရှောင်လောင်းစတက်ဖ်လည်း တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပြီး ယူနိုက်တက်ဟာ ဖယ်လိုင်နီနဲ့ ဟာရဲရားတို့ကို ဆုံးရှုံးခဲ့ရတာကြောင့် ကွင်းလယ်ကစားသမားတစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ရှောင်လောင်းစတက်ဖ်ဟာ နည်းပြဘင်နီတက်ဇ် နယူးကာဆယ်အသင်းနဲ့ လမ်းခွဲသွားတာကြောင့် အနာဂတ်မရေမရာဖြစ်နေသူဖြစ်ပြီး ယူနိုက်တက်ဟာ ဗဟိုခံစစ်ကစားသမားတစ်ဦးကိုလည်း ခေါ်ယူသွားမယ်လို့ BBC Sport က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က