မေလ ၂၁ ရက်နေ့ ဝတ်မှာပါတဲ့။

ပိုပိုဟာ သူမရဲ့ အနုပညာအလုပ်ကနေရတဲ့ ငွေကြေးတွေနဲ့ သီလရှင်မဝတ်နိုင်တဲ့ မိန်းကလေးတွေကိုလည်း သီလရှင် ဝတ်ပေးမှာဖြစ်သလို သူမကိုယ်တိုင်လည်း သီလရှင်ဝတ်မှာဖြစ်ပါတယ်။ မေလ ၂၁ ရက်နေ့ စစ်ကိုင်းမှာ ဝတ်မှာပါတဲ့။

Photo: Po Po

ပိုပိုက မေလ ၂၁ ရက်နေ့ကျရင် စစ်ကိုင်းဘက်မှာ သီလရှင်ဝတ်မယ်လို့ သိရပါတယ်။ ဒီလို အချိန်မှာ သူမအတွက် သတိအရဆုံးအချိန်ကတော့ အဘွားပါပဲတဲ့။

‘’ဘယ်သူကိုမှ ဒုက္ခ မပေးချင်ပါဘူး။ ဒါပေမဲ့ ဆံချ သီလရှင် ဝတ်မယ့် နေ့မှာတော့ ကိုယ် အရမ်း အားကိုးပြီး ချစ်ရတဲ့ သူတချို့ ရှိစေချင်တာပဲ ပြီးရင် ငိုမိမလားမသိဘူး။ အဘွားကိုလွမ်းတယ်’’ဆိုပြီးတော့ မေလ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက် အနုပညာညီအစ်ကို မောင်နှမတွေကလည်း ဘယ်နေ့ဝတ်မှာလဲ၊ ဘယ်နေရာလဲလို့ Comment ကနေတဆင့် မေးခဲ့တာကြောင့် ၂၁ ရက်နေ့ စစ်ကိုင်းမှာ ဝတ်မယ်လို့ ပိုပိုက ပြန်လည်ဖြေဆိုထားတာ တွေ့ရပါတယ်။သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် အားကြိုးမာန်တက် ကူညီဆောင်ရွက်တတ်သူ တစ်ဦးပါ။ မကြာခဏ ဆိုသလိုလည်း အဖွဲ့လိုက်ဖြစ်စေ၊ သူမ တစ်ဦးတည်းဖြစ်စေ၊ အလှူအတန်းတွေ လုပ်နေတတ်တာကို တွေ့ရပါတယ်။

Photo: Po Po

ပိုပိုဟာ သူမရဲ့ အနုပညာကြေးထဲက ရတဲ့ ငွေကြေးနဲ့ သီလရှင်ဝတ်မှာဖြစ်ပြီး သီလရှင် ဝတ်ချင်ကြတဲ့ မိန်းကလေးတွေရှိရင်လည်း သူမကဝတ်ပေးဦးမယ်လို့ ဆိုပါတယ်။ 

 ‘’ဒီရက်ပိုင်း သီချင်းဆိုလို့ ရတဲ့ ပိုက်ဆံမဟုတ်ပဲ တေးရေး အနေနဲ့ တခြား fb ကြော်ငြာ လေးတွေ ဆီက ရတဲ့ ပိုက်ဆံကို မသုံးပဲ မယ်သီလရှင် ဝတ်ရင် လှူပါမယ်။ နောက်ပြီး ပိုပိုနဲ့ အတူ မယ်သီလရှင် ဝတ်ချင်သူများကိုလည်း ဒါယကာမ ပြုလုပ်ကာ ကုသိုလ်ပြုပါမယ်။ တကယ်ဝတ်ချင်သူများ Chat Box မှာ လာဆက်သွယ်နိုင်ပါတယ်။ ၅လပိုင်း ၁၇ သို့မဟုတ် ၁၈ ရက်နေ့ မှာ စစ်ကိုင်းဘက်မှာ ဝတ်မှာပါ။ အနည်းဆုံး ၅ ရက် ဝတ်နိုင်ရင် အကောင်းဆုံးပါပဲ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: ပိုပို

ပိုပိုက ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

Photo: ဝတ်ရည်မိုး

သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က