စစ်ကိုင်းတံတားပေါ်ကနေ ခုန်ချသွားတဲ့ သားအဖ နှစ်ယောက်ထဲက ဖခင်ဖြစ်သူရဲ့ အလောင်းကို ပြန်လည်တွေ့ရှိပြီလို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) ရဲ့ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
Photo - SERT
မျက်လုံးကင်ဆာဖြစ်နေတဲ့ သမီးဖြစ်သူကို ကုသဖို့ ငွေမတတ်နိုင်တာကြောင့် သားအဖနှစ်ဦးလုံး စစ်ကိုင်းတံတားဟောင်းကနေ ခုန်ချမှုဇန်နဝါရီ ၂၇ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီခုန်ချမှုကို သိသိချင်း စတင်ရှာဖွေခဲ့ပြီး ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီ ကနေ စတင်ပြီးရှာဖွေမှုတွေလုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
"ဒီနေ့ မနက် ၈ နာရီခွဲလောက်က စစ်ကိုင်းတံတားအောက်ဖက် ၃ မိုက်လောက်အကွာမှာ တွေ့လို့ သက်ဆိုင်ရာကိုပို့လိုက်ပါပြီ။ ကလေးကိုတော့ ဆက်လက်ရှာဖွေနေဆဲပါ"လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က ကိုစိုးမင်းဦးက Duwun ကိုပြောပါတယ်။
Photo - SERT
တံတားပေါ်ကနေ ခုန်ချသွားတဲ့ သားအဖနှစ်ဦးမှာ ဦးစိုးမင်းသိန်းအသက် (၄၀)နှစ်နဲ့ မဖြူစင်သွယ် အသက်(၄)နှစ်တို့ ဖြစ်သားအဖနှစ်ဦးဟာ မန္တလေးတိုင်း၊ ကန်ပတ်လမ်း၊ ဝါဆိုကျောင်းတိုက်အနီးမှာ နေထိုင်ကြတာဖြစ်ပြီးတော့ ခုန်ချခဲ့သူရဲ့ ဇနီးဖြစ်သူက ကျန်ခဲ့တယ်လို့သိရပါတယ်။