လက်စတာနောက်ခံလူ ချီဝဲလ်ကို ပစ်မှတ်ထားနေတာပါ။

မားကို့စ်အလွန်ဆို နဲ့ အီမာဆင်တို့ရှိနေပေမယ့်လည်း အဆိုပါကစားသမားတွေရဲ့ ခြေစွမ်းအပေါ် လမ်းပတ်က နှစ်ခြိုက်မှုမရှိဘဲ ကစားသမားသစ်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအနေနဲ့ လက်စတာဘယ်အစွန်နောက်ခံလူဘင်ချီဝဲလ်ကို ခေါ်ယူချင်တယ်ဆိုပါက နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို အသုံးပြုရဖွယ်ရှိတယ်လို့ သိရပါတယ်။ အသက် ၂၃နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားကို နည်းပြလမ်းပတ်က တော်တော်လေးသဘောကျနေတယ်လို့လည်း Daily Mirror က ဆိုပါတယ်။



မားကို့စ်အလွန်ဆို နဲ့ အီမာဆင်တို့ရှိနေပေမယ့်လည်း အဆိုပါကစားသမားတွေရဲ့ ခြေစွမ်းအပေါ် လမ်းပတ်က နှစ်ခြိုက်မှုမရှိဘဲ ကစားသမားသစ်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာက သူတို့ရဲ့နောက်ခံလူကို စျေးပေါပေါနဲ့ လက်လွှတ်ခံမှာမဟုတ်ဘူးလို့ သတိပေးထားထားတာကြောင့် ချယ်လ်ဆီးအနေနဲ့ အနည်းဆုံးပေါင်သန်း ၈ဝအထိ အသုံးပြုရဖွယ်ရှိပါတယ်။

ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူအဖြစ် ပြီးခဲ့တဲ့ရာသီမှာ လက်စတာကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ မက်ဂွိုင်းယားက ပေါင်သန်း၈ဝနဲ့ စံချိန်တင်ထားခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ ချီဝဲလ်အတွက်လည်း ပေါင်သန်း ၈ဝထက်မနည်း အသုံးပြုရမှာဖြစ်ပြီး ဒါဟာ နောက်ခံလူတစ်ဦးအတွက် နောက်ထပ် ကမ္ဘာ့စံချိန်တင်ကြေးဖြစ်လာဖွယ်ရှိနေပါတယ်။ 

ချီဝဲလ်ကိုယ်တိုင်ကလည်း လက်စတာကနေ ထွက်ခွာချင်နေတယ်လို့သိရပြီး အသင်းဆီက ခွင့်ပြုချက်တောင်းဆိုထားတယ်လို့ သိရပါတယ်။ ချီဝဲလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လက်စတာအတွက် ပရီးမီးယားလိဂ်ပွဲ ၂၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၃ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ နည်းပြဟောင်းရာနီရေးနီလက်ထက်မှာ အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီးနောက် ချီဝဲလ်က ၁၂၃ပွဲအထိ ကစားပေးထားပြီးဖြစ်ကာ ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က