ပယ်လီဂရီနီကိုတော့ လက်စတာကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့် ပြီးပြီးချင်း ၂ နာရီအကြာမှာပဲ ထုတ်ပယ်လိုက်တာပါ။

ရှုံးပွဲတွေနဲ့အတူ ရာထူးကနေကိုယ်စီ ထွက်ခဲ့ကြရတာဖြစ်ပြီး ခရစ္စမတ်ကာလမှာ အများနည်းတူ လက်ဆောင် ကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ခြင်းမရှိကြတာပါ။

ခရစ္စမတ်ကာလမှာ ကစားရတဲ့ ဘောက်ဆင်ဒေးပွဲတွေမှာတော့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ရလဒ်တွေ မကောင်းခဲ့လို့ နည်းပြဖြစ်သူ ပယ်လီဂရီနီ အလုပ်ပြုတ်ခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

မနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ အိမ်ကွင်းမှာ ၂-၁ ဂိုးနဲဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချက်ခြင်းဆိုသလို ပယ်လီဂရီနီကို ထုတ်ပယ်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းအနေနဲ့လည်း နောက်ဆုံး လိဂ် ၁၂ ပွဲမှာ ၉ ပွဲထိ ရှုံးထားလို့ အမှတ်ပေးဇယားမှာလည်း ၁၇ အထိ ဆင်းသက်နေရပြီး တန်းဆင်းဇုန်ကအသင်းထက် တစ်မှတ်သာ များနေပါတော့တယ်။

ပယ်လီဂရီနီကိုတော့ ဝက်စ်ဟမ်းအသင်းက ၂၀၁၈ မေလတုန်းက ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့် ၁၈ လအကြာမှာပဲ ရာထူးက ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။

ပယ်လီဂရီနီကိုတော့ လက်စတာကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့် ပြီးပြီးချင်း ၂ နာရီအကြာမှာပဲ ထုတ်ပယ်လိုက်တယ်လို့ ဝက်စ်ဟမ်းအသင်းက တရားဝင် ကြေညာခဲ့တာပါ။

ပယ်လီဂရီနီနည်းတူ ပြင်သစ်ကလပ် မိုနာကို နည်းပြ လီယိုနာဒိုဂျာဒင်ကိုလည်း အသင်းက ရာထူးရပ်ဆိုင်းလိုက်ပြီ ဖြစ်ပြီး ဒီတစ်ကြိမ်ကတောာ့ ဒုတိယအကြိမ် ရာထူးက ထုတ်ပယ်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

မိုနာကိုအသင်းဟာလည်း လိဂ်မှာတင်မကပဲ ရှုံးထွက်ပြိုင်ပွဲတွေမှာပဲ ရှုံးပွဲတွေ ဆက်နေလို့ နည်းပြ လီယိုနာဒိုကို မိုနာကိုအသင်းက ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး သူ့နေရာမှာတော့ စပိန်နည်းပြဟောင်း ရောဘတ် မိုရီနိုကို အစားထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က