ဒီအရင်ကလည်း ဒါမျိုး ဖြစ်ခဲ့ဖူးပါတယ်

အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ AirPod နားကြပ်မြိုချမိပြီးနောက် ဆေးရုံရောက်သွားခဲ့ပါတယ်။

ကီယာရာစထရောက်လို့ ခေါ်တဲ့ အမျိုးသမီးရဲ့သားငယ်ဟာ AirPod တစ်ခုကို မတော်တဆ မြိုချမိတာ ဖြစ်တယ်လို့ မိခင်ဖြစ်သူ တင်ထားတဲ့ Facebook post တစ်ခုမှာ ဖော်ပြထားပါတယ်။ ကလေးရဲ့ ဗိုက်ထဲ ရောက်သွားတဲ့ AirPod ကြိုးမဲ့နားကြပ်ကို X-Rays မှာ ပြနေပေမယ့် အတ္တလန်တာ ကလေးဆေးရုံက ဆရာဝန်တွေကတော့ ဒီနားကြပ်ဟာ ရက်နည်းနည်းလောက် ကြာရင် သူ့အလိုလို ထွက်သွားမယ်လို့ မိခင်ဖြစ်သူ စထရောက်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။


Photo: LADbible

စထရောက်ဟာ ဒီနားကြပ်ကို ခရစ်စမတ်လက်ဆောင်အဖြစ် ကလေးကို လက်ဆောင်ပေးထားတာပါ။ ကလေးဟာ ပါးစပ်ထဲ နားကြပ်တစ်ဖက် ထည့်သွင်းရာကနေ မတော်တဆ မြိုချမိတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို လူမှုကွန်ရက်မှာ ပြန်မျှဝေရတဲ့ အကြောင်းကလည်း ကျန်တဲ့ ကလေးမိဘတွေ သတိထားနိုင်ဖို့ သတိပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးကတော့ သူ့ဗိုက်ထဲ AirPods ရောက်နေတာကို ဓါတ်မှန်ကနေ ကြည့်ရင်း အတော်လေး ထိတ်လန့်နေရှာတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ ဒုတိယတန်းကျောင်းသားအရွယ် ဒီကလေးဟာ ဗိုက်ထဲက AirPod နဲ့ ဖုန်း ဆက်သွယ်မိမှာစိုးလို့ သူ့ဖုန်းနဲ့ ခပ်ခွာခွာ နေနေတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်တဲ့ စထရောက်ကလည်း သူ့သားငယ် အတော်အတန် အရွယ်ရောက်တဲ့အထိ သေးသေးမွှားမွှား အီလက်ထရွန်းနစ် gadgets ပစ္စည်းတွေနဲ့ ဝေး‌အောင် ထားတော့မှာပါ။

စထရောက်ရဲ့ သားငယ် AirPod ကို မတော်တဆ မြိုချတဲ့ ဖြစ်ရပ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် မေလက ထိုင်ဝမ်မှာ နေထိုင်တဲ့ Ben Hsu ဆိုတဲ့ လူတစ်ယောက်ဟာ အိပ်နေစဉ် AirPod တစ်ခု မတော်တဆ မြိုမိခဲ့ပါတယ်။ ဝမ်းနှုတ်ဆေးကြောင့် AirPod ဟာ မစင်နဲ့အတူ အပြင်ရောက်လာပြီးနောက်မှာလည်း အလုပ်လုပ်နေတယ်လို့ Business Insider သတင်းက ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က