ဈေးနှူန်း မသိရသေးပါဘူး

သာမန်ဖုန်းတွေထက် အကြမ်းပိုခံတဲ့ Military Standard ရထားတဲ့ စမတ်ဖုန်းသစ်နှစ်မျိုးကို LG ဟာ ဈေးကွက်မှာ တင်ပို့လာတော့မှာပါ။


ဂျာမဏီနိုင်ငံ ဘာလင်မှာ စက်တင်ဘာ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ့် IFA ကွန်ဖရင့်မှာ LG K40s နဲ့LG K50s တို့ကို မိတ်ဆက်သွားမှာ ဖြစ်ပြီး သုံးမယ့် processor ကိုတော့ 2GHz octa-core processor လို့ပဲ ပြောထားပါတယ်။ ဒီဇိုင်းအနေနဲ့ဘောင်ခပ်ထူထူ သုံးထားပြီး အပေါ်မှာ waterdrop notch ပါလာမှာ ဖြစ်ပါတယ်။

Photo: propakistani

LG K40s ဟာ ဈေးပိုသက်သာတဲ့ မော်ဒယ်ဖြစ်ပြီး မျက်နှာပြင် ၆.၁ လက်မ HD+ resolution ရှိတဲ့ displayနဲ့လာမှာပါ။ ရှေ့ဘက် notch ထဲမှာ 13MP ကင်မရာ ပါပြီး ကျောဘက်မှာအလျားလိုက် နှစ်လုံးတွဲ ကင်မရာစနစ် ဖြစ်တဲ့ 13MP+5Mp ultra wide ကင်မရာများ သုံးသွားမှာ ဖြစ်ပါတယ်။

Storage ကို 32GB တစ်မျိုးတည်း သုံးထားပြီး RAM ကို 2GB နဲ့3GB ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။ microSD card ပံ့ပိုးမှူ ပါမှာ ဖြစ်လို့ထပ်ပြီး storage တိုးချင်သူတွေအတွက် အဆင်ပြေပါတယ်။ ဘက်ထရီပါဝါဟာ 3500 mAh ဖြစ်ပြီး fast charging ပံ့ပိုးမှူ ပါမပါ မသိရသေးပါဘူး။


Photo: androidcentral

LG K50s ဟာ မျက်နှာပြင် ၆.၅ လက်မ screen နဲ့လာပြီး LG K40s နဲ့ဒီဇိုင်းချင်း တစ်ပုံစံတည်း ဖြစ်ပါတယ်။ 4000 mAh ဘက်ထရီအကြီးပါဝါနဲ့လာပြီး RAM/storage ကို 3GB/32GB တစ်မျိုးပဲ ထွက်ထားပါတယ်။ ကျောဘက်မှာ 2MP depth sensor တစ်ခုတိုးပြီး 13MP+5MP ultra wide ဆိုပြီး ကင်မရာ သုံးလုံးတွဲ သုံးသွားပါတယ်။

LG 40s နဲ့LG 50s တို့ဟာ Aurora Black နဲ့Moroccan Blue ကာလာ ၂ ရောင်နဲ့လာပြီး ဖုန်းနှစ်လုံးစလုံးဟာ MIL-STD 810G စံချိန်ညီ အကြမ်းခံတဲ့ဖုန်းတွေဖြစ်ပါတယ်။ လာမယ့်အောက်တိုဘာလထဲမှာ ဥရောပ ၊ လက်တင်အမေရိက နဲ့အာရှ ဈေးကွက်တွေမှာ ဖြန့်သွားမှာ ဖြစ်ပြီး ဈေးနှူန်း မသိရသေးပါဘူး။

Share

Loading Next Article...
က္က